DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ဇွန်လအတွင်း ပထမဆုံးအကြိမ်လာမည်
DVB
·
May 23, 2018
ကုလအထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ဇွန်လအတွင်း ပထမဆုံးအကြိမ်လာမည်
Donate to DVB

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မစ္စခရစ္စတင်း ရွှာရာနာဘာဂီနာဟာ မြန်မာနိုင်ငံကို  လာမယ့် ဇွန်လမှာ ပထမဆုံးအကြိမ်လာရောက်ဖို့ရှိနေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းသံအမတ်ကြီး မာဆူဒ်ဘင်မိုမန်နဲ့ နယူးယောက်ခ်မြို့မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာလို့ ဒါကာအခြေစိုက် ဒေးလီစတား ဘင်္ဂလားဒေ့ရှ် သတင်းမှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကလည်း အဆင်ပြေတဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက် ဖို့ဖိတ်ခေါ်ခဲ့သလို မစ္စ ရွှာရာနာကလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ပြောတာကို ကိုယ်တိုင်တိုက်ရိုက် နားထာင်ချင်တယ်လို့ပြောတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စာ်းလှယ်ရုံးက ထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်သံ အမတ်ကြီး မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  ခန့်အပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ဧပြီ ၂၆ ရက်မှာ ကြေညာခဲ့တာပါ။

မစ္စရွှာရာနာဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်ကနေ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမတိုင်ခင် ၂၀၀၉မှ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံ အမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-Blick

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013