DVB Logo
Home
မြန်မာသတင်း
အဆိုတော်အစ္စဏီ အမှုရုံးချိန်း တရားလို မော်ဒယ် စူးရှထက် ရောက်မလာ
DVB
·
May 23, 2018
အဆိုတော်အစ္စဏီ အမှုရုံးချိန်း တရားလို မော်ဒယ် စူးရှထက် ရောက်မလာ
Donate to DVB

ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အဆိုတော်အစ္စဏီရဲ့ အမှု မေလ ၂၃ ရက်နေ့ ရုံးချိန်းမှာ တရားလို မော်ဒယ်စူးရှထက်  တရားရုံးကို ရောက်မလာတဲ့အတွက် နောက်တပတ် ပြန်ချိန်းဆိုခဲ့ပါတယ်။

ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်ကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ အဆိုတော် အဆိုတော် အစ္စဏီကို ဒီနေ့ မေလ ၂၃ ရက် မနက်ပိုင်းက တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

တရားလိုကို စတင်စစ်ဆေးမယ့်နေ့ ဖြစ်ပေမယ့် မော်ဒယ်စူးရှထက် ရောက်မလာတာကြောင့် အမှုကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ပါဘူး။

အဆိုတော် အစ္စဏီကို မိမိအလိုအလျောက် နာကျင်စေမှု၊ ဘေးဖြစ်စေသော လက်နက်နဲ့ နာကျင်စေမှုနဲ့ မုဒိမ်းမှုတို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်ပြီး နောက်တပတ် ရုံးချိန်းကိုတော့ ဇွန်လ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013