DVB Logo
Home
မြန်မာသတင်း
မြိတ် မြေပေါ်လွန်းကျင်းများတွင် သစ်ရှားပါးသဖြင့် သံခွံလှေများဖြင့် ပြောင်းလဲတည်ဆောက်လာ
DVB
·
May 23, 2018
မြိတ် မြေပေါ်လွန်းကျင်းများတွင် သစ်ရှားပါးသဖြင့် သံခွံလှေများဖြင့် ပြောင်းလဲတည်ဆောက်လာ
1 / 6
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ငါးဖမ်းစက်လှေကြီးတွေနဲ့ တခြား ရေယာဉ်တွေ တည်ဆောက်နေတဲ့ မြေပေါ်လွန်းကျင်းသစ်ရှားပါးလာတဲ့အတွက် သံခွံအဖြစ် အစားထိုး တည်ဆောက်လာနေကြ ပါတယ်။

တနင်္သာရီကမ်ရိုးတန်းတလျှောက်မှာ ဒေသတွင်းငါးဖမ်းစက်လှေ အများစုဟာ သစ်သားနဲ့ တည်ဆောက်တာ အများဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြိတ်ဒေသရှိ မြေပေါ် လွန်းကျင်းတွေမှာ သစ်သားအစား သံခွံကို အစားထိုး တည်ဆောက်လာတာဖြစ်တယ်လို့ ရေယာဉ် တည်ဆောက်ရေး လွန်းကျင်းတွေထံက သိရပါတယ်။

ကျွန်းစုမြို့နယ်၊ ပထက်ကျွန်းပေါ်ရှိ အောင်မြတ်ဖြိုး မြေပေါ်လွန်းကျင်းနဲ့ ရေလုံလွန်းကျင်း လုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်လင်းက “အခုနောက်ပိုင်းမှာ ဆို ငါးဖမ်း စက်လှေတွေနဲ့ အခြား ရေယာဉ် သင်္ဘောတွေ အသစ်တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ်၊ အဟောင်းကိုပဲ တည်ဆောက်ရာမှာဖြစ်စေ အခက်အခဲရှိလာတာက သစ်တွေ ရှားပါးတာပဲ ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် အခုဆိုရင် သံခွံတွေနဲ့ ပြောင်းလဲတည်ဆောက်လာနေတာ ဖြစ်တယ်”လို့ ပြောပါတယ်။

မြိတ်ဒေသရှိ မြေပေါ်လွန်းကျင်းတွေမှာ တည်ဆောက်တဲ့ ငါးဖမ်း စက်လှေ အများစုက ဒေသသုံး ဖြစ်ပါတယ်။

လက်ရှိမှာ ငါးဖမ်းစက်လှေတွေ တည်ဆောက်တဲ့ မြေပေါ်လွန်းကျင်းတွေမှာ သစ်သား ငါးဖမ်းစက်လှေတွေမှာ အဟောင်း ပြုပြင်တာသာအများစုဖြစ်ပါတယ်။ အသစ်တည်ဆောက်မှု ကို ရပ်နားထားပြီး အသစ် တည်ဆောက်တဲ့ စက်လှေတွေမှာ သံခွံအဖြစ် တည်ဆောက် နေကြောင်း ယင်း လွန်းကျင်းတွေထံက သိရပါတယ်။

မြိတ်မြို့မှာ အောင်မြတ်ဖြိုး၊ ဦးကျားမောင်၊ ဦးဝင်းဗိုလ်နဲ့ ကျွဲကူး မြေပေါ် လွန်းကျင်း စုစုပေါင်း ၄ ခုရှိပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013