DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ဟု အေအိုင်အဖွဲ့ အစီရင်ခံစာထုတ်ပြန်
DVB
·
May 23, 2018
ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ဟု အေအိုင်အဖွဲ့ အစီရင်ခံစာထုတ်ပြန်
Donate to DVB

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း    ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က အရပ်သားဟိန္ဒူ ၁၀၀ နီးပါးလောက်ကို သတ်ဖြတ်ခဲ့တယ် လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၁၇ သြဂုတ်လက လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု အနည်းဆုံးတမှု၊ နှစ်မှု လောက်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င်  ဟိန္ဒူဘာသာဝင် ၉၉ ယောက်ကို အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်လို့ အမည်ပေးထားတဲ့ ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့တယ် ဆိုတာကို ဒါဇင်နဲ့ချီတဲ့ အင်တာဗျူးတွေနဲ့ ဓာတ်ပုံ သက်သေ အထောက်အထားများစွာကို သုံးသပ်ပြီး ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြောရက်စရာမရှိအောင် ဆိုးရွားလှတဲ့ သိပ်မကြာလှသေးတဲ့ အမှောင်ကာလအတွင်းမှာ ARSA အဖွဲ့က ကျူးလွန်ထားတဲ့ သတင်း မပေါ်သေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများကြီး ဖော်ထုတ်ဖို့ လိုအပ်နေပါတယ် လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ညွှန်ကြားရေးမှူး တီရာနာ ဟက်ဆန်က ပြောပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်က မြန်မာလုံခြုံရေးကင်းစခန်း ၃၀ လောက်ကို ARSA အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုခံရပြီးနောက်  မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ရှင်းလင်းရာမှာ ဥပဒေမဲ့ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုတွေနဲ့ လူ့ အခွင့်ရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့လည်း AI ရဲ့ အစီရင်ခံစာထဲမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013