DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုများကို တိုင်ကြားသူမရှိပေမယ့် အရေးယူနိုင်ရန် ဥပဒေပြင်ဆင်အတည်ပြု
DVB
·
May 23, 2018
အဂတိလိုက်စားမှုများကို တိုင်ကြားသူမရှိပေမယ့် အရေးယူနိုင်ရန် ဥပဒေပြင်ဆင်အတည်ပြု
Donate to DVB

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

အရင်ဥပဒေဟောင်းမှာ အားနည်းချက်တွေရှိခဲ့ပြီး အခုပြင်ဆင်အတည်ပြုလိုက်တဲ့ ဥပဒေမှာ ဟာကွက်ပျော့ကွက်တွေ နည်းသွားတဲ့ အတွက် ရှေ့ဆက် အလုပ်လုပ်လို့ ရသွားပြီလို့ အဂတိလိုက်စားမှုတိုက်ချက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

“လုံလောက်တဲ့ အနေအထားရှိပါတယ်။ ရှေ့ကို ဆက်လုပ်သွားမယ်ဆိုရင် အလုပ်လုပ်လို့ ရတဲ့အနေအထားပေါ့။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်နဲ့ အားနဲ့ လုပ်သွားလို့ ရနိုင်မယ့် အနေအထားမျိုးဖြစ်တယ်လို့ ပြောချင်ပါတယ် ” လို့ ဦးအောင်ကြည်က ဆိုပါတယ်။

အရင်ဥပဒေတုန်းက နိုင်ငံတော်သမ္မတက တာဝန်ပေးတဲ့အခါ၊ လွှတ်တော်ဥက္ကဋ္ဌတွေက တာဝန်ပေးတဲ့အခါနဲ့ နစ်နာတဲ့သူက တိုင်ကြားတဲ့အခါတွေမှာပဲ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ဒီ ၃ ချက်ကလွဲပြီး ဘယ်လို အဂတိ လိုက်စားမှုတွေ ရှိနေ ရှိနေ အရေးယူလို့မရတဲ့ အနေအထားမျိုး ရှိခဲ့တယ်လို့ ပြောပါတယ်။

“အခုဥပဒေမှာကျတော့ ကျော်ဇောသတင်းဆိုတာလေးကို ဥပဒေထဲမှာ ထည့်ထားတယ်။ ကျော်ဇောသတင်းဆိုတာမှာလည်း ကျော်ဇောသတင်းတိုင်းကို ပြောတာမဟုတ်ပါဘူး။ ကျော်ဇော သတင်းဖြစ်လာပြီဆိုရင် ကျော်ဇောသတင်းရဲ့ အင်္ဂါရပ်နဲ့ညီသလား။ ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်နိုင်သလည်းဆိုတာကို သေသေချာချာလေ့လာပြီးတော့မှ အဖွဲ့အစည်းနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ပြီးတော့မှ ကျော်ဇောသတင်းအဖြစ် တရားဝင် သတ်မှတ်ရမှာဖြစ်ပါတယ်။ အဲ့လိုသတ်မှတ်ပြီးတော့မှ အဲဒီကိစ္စကို ဆက်ပြီး အရေးယူ ဆောင်ရွက်နိုင်တာဆိုတော့ ပြင်ပမှာ ဖြစ်ပွားနေတာရှိရင် တိုင်းကြားသူမရှိဘဲ အရေးယူလို့ ရနိုင်တဲ့ အနေအထားဖြစ်တော့ လက်တွေ့သဘာဝနဲ့ အများကြီးကိုက်ညီတဲ့ ပြင်ဆင်ချက်လို့ ပြောချင်ပါတယ် ” လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ဒါအပြင် အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေတွေ လုပ်ထုံး လုပ်နည်းနဲ့မညီဘဲ ဆုံးရှုံးနေမယ်ဆိုရင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်ပြီး ငြိစွန်းနိုင်တယ်ဆိုတဲ့အချက်တွေကြောင့် အများကြီးကျယ်ပြန့်သွားသလို နိုင်ငံတကာ အဆင့်နဲ့လည်း ညီသွားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013