DVB Logo
Home
မြန်မာသတင်း
ကလေးဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ
DVB
·
May 23, 2018
ကလေးဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသထွက် ပုရစ်ကောင်တွေကို ပွဲစားတွေက ဈေးကောင်းပေး ဝယ်ယူနေတာကြောင့် မြစ်ရှေ့ကမ်းဘက်က ကျေးရွာတွေမှာ ပုရစ်ကောက်သူတွေ များပြားလာနေပါတယ်။

ကလေးမြို့ မြစ်ရှေ့ဘက် ကင်မွန်းခြုံရွာက မတင်အေးမက "ပုရစ်ဖမ်းသူက ကျမတို့ရွာမှာတင် ၁၅ ဦးကျော်တယ်။ အကြီးစားဖမ်းတာ။ ပုရစ်ကျတဲ့ နေ့ဆို တဦးကို တည ၁၇ တင်းလောက်ထိ ပုရစ်အကောင်တွေ ရကြတယ်။ ဒီမှာပဲ ပွဲစားတွေက လာဝယ်တယ်" ပြောပါတယ်။

ပုရစ်ဈေးကွက်မှာ ပေါ်ခါစက ကလေးမြို့ဈေးမှာ ပုရစ်ကောင် တပြည်ကို ၁၀၀၀ ကျပ်သာ ပေါက်ဈေးရှိပေမယ့် ဒီနေ့မှာတော့ နို့ဆီတဘူး ၅၀၀ ကျပ်အထိ မြင့်တက်လာနေပြီး ပုရစ် အဝယ်တွေက ရွာတွေထိ ဆင်းဝယ်တာကြောင့် ကလေးမြို့ ဈေးကွက်မှာတောင် ပုရစ်ဈေးသည်တွေ မရှိတော့သလောက် ရှားပါးနေတာကိုလည်း တွေ့ရပါတယ်။

ပုရစ်ဖမ်းသူတွေဟာ သမားရိုးကျ စနစ်မသုံးတော့ပဲ တောထဲ အခင်းလွတ်တွေမှာ မီးစက်ငယ်တွေ ဝယ်မောင်း၊ မီးတွေဆင်ပြီး ဖမ်းလာကြတယ်လို့လည်း မတင်အေးမက ခုလို ပြောပါတယ်။

"ပုရစ်က ည ၉ နာရီကနေ မနက် ၂ နာရီ ထိ ဖမ်းတယ်။ မီးစက်တွေဝယ်ပြီးကို ဖမ်းကြ တယ်။ မီးစက်ကလည်း သိပ်မကျဘူး တလုံး  ကျပ် နှစ်သိန်းဝန်းကျင်ပဲ ကုန်တယ်။ ရွာလာဝယ်သူတွေက တင်းနဲ့ မဝယ်ဘူး။ တပြည်ကို ၂၅၀၀ ကျပ် ကနေ ၃၅၀၀ ကျပ်အထိ ပေးဝယ်တယ်။"

ကလေးဒေသ ပုရစ်တွေကို ပုရစ်အဝယ်ဒိုင်တွေက ရေခဲပုံးနဲ့ထည့်ပြီး ကားတွေနဲ့ မန္တလေး၊ ရန်ကုန် ဈေးကွက်တွေထိ သယ်ယူဖြန့်ချိနေတာ ဖြစ်ပါတယ်။

ပုရစ်တွေဟာ ပူအိုက်လွန်းတဲ့ နွေအကုန်မိုးအကူးမှာ ပေါ်ထွက်လာတတ်ပြီး ခုလို ပုရစ်ဖမ်းဆီးတာနဲ့ ဝယ်တာမျိုး အရင်နှစ်တွေတုန်းက သိပ်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပုရစ်ဈေးကွက်ဟာ ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ  အလုပ်ဖြစ်လာတဲ့ ရာသီပေါ် အစားအသောက်တခု ဖြစ်လာနေတာ တွေ့ရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013