DVB Logo
Home
မြန်မာသတင်း
လျှို့ဝှက်ရင်ခုန် လေးပွင့်ဆိုင်ဇာတ်လမ်း ‘လက်စားချေနတ်သမီး’ ရုပ်ရှင်(နမူနာ)
DVB
·
May 23, 2018
လျှို့ဝှက်ရင်ခုန် လေးပွင့်ဆိုင်ဇာတ်လမ်း ‘လက်စားချေနတ်သမီး’ ရုပ်ရှင်(နမူနာ)
Donate to DVB

 

 

ချစ်သူတွေကြားမှာ ရင်ခုန်စရာကောင်းတဲ့ အဖြစ်အပျက်တွေအပြင် တခြားသော ထင်မှတ်မထားတဲ့ အကွေ့အကောက်တွေ၊ ပဟေဠိတွေနဲ့ လျှို့ဝှက်ချက်တွေလည်း ရှိတတ်ပြန်ပါတယ်။

မကြာခင်မှာ ရုံတင်ပြသတော့မယ့် ‘လက်စားချေ နတ်သမီး’လို့ အမည်ရတဲ့ ရုပ်ရှင်ထဲမှာတော့ ဒီအကြောင်းအရာတွေကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဒီကားကို Top One ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်ဖြစ်ပြီး ဝင်းမြင့်ဦးက ဇာတ်ညွှန်းခွဲထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ဂရိဒဏ္ဍာရီပုံပြင်ထဲက Angel of Vegeance ဆိုတဲ့ နတ်သမီးရဲ့ အစွမ်းကို အသုံးချတဲ့ ချစ်သူအကြောင်းကို ရိုက်ကူး ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်သူချင်း တခုခုကြောင့် လက်စားချေချင်ရင် ချစ်သူရဲ့ဓာတ်ပုံကို အဲဒီနတ်သမီး ရုပ်တုရဲ့ လက်ထဲကို ထည့်ပြီး ချစ်သူကို ဘာအတွက်ကြောင့် လက်စားချေချင်တယ် ဆိုတာကို ၃ ကြိမ် ၃ ခါ ဆုတောင်းရတယ်၊ ယုံယုံကြည်ကြည် ဆုတောင်းရင်တော့ ချစ်သူကို လက်စားချေနိုင်တယ်လို့ အယူရှိကြပါတယ်။

ထူးထူးခြားခြား တင်ဆက်မှုတွေနဲ့ ရိုက်ကူးပြတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထားမလဲ ဆိုတာကတော့ မကြာခင်မှာ ကြည့်ရှုကြရတော့မှာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ သက်မွန်မြင့်နဲ့ နန်းဆုဦးတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းအနေနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013