DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် ဘရာမင်အသားတိုးနွားများ ဈေးကောင်းရ၍ မွေးမြူသူများလာ
DVB
·
May 23, 2018
မိတ္ထီလာမြို့နယ်တွင် ဘရာမင်အသားတိုးနွားများ ဈေးကောင်းရ၍ မွေးမြူသူများလာ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ထဲက ရွာတွေမှာ ဒေသနွားမကို မျိုးစပ်ပြီး မွေးလာတဲ့ ဘရာမင် အသားတိုးနွားတွေကို ပြန်ရောင်းရင် ဈေးကောင်းရတဲ့အတွက် မွေးမြူသူတွေ များပြားလာတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဘရာမင်နွားတွေဟာ အကောင်လှ၊ ကြီးထွားမှုမြန်ပြီး သက်တမ်း ၂ နှစ်အတွင်း ကျပ် သိန်း ၂၀ လောက်နဲ့ ဈေးအရောင်းအဝယ်ဖြစ်ကာ ခိုင်းနွားအဖြစ်လည်း အသုံးပြုလို့ရတယ်လို့ မိတ္ထီလာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဒုဦးစီးမှူးက ပြောပါတယ်။

မွေးမြူရေးနှင့်ကုသရေးဒုဦးစီးမှူး ဒေါက်တာဇော်နိုင်က "ဘရာမင်နွားတွေက လှတယ်။  ၂ နှစ်သားလောက်ဆို သိန်း ၂၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်ကြတယ်။ ၃ လသားအရွယ်မှာပဲ ပိဿာချိန် ၁၀၀ ကျော်လောက် ဖြစ်နေတယ်။  မြက်တို့၊ ကောက်ရိုးတို့ ကျွေးပြီးလည်း မွေးလို့ ရတယ်။ စပ်ထားတဲ့ အသင့်စား အစာတောင့်ကျွေးပြီးလည်း မွေးလို့ရတယ်။ ခိုင်းနွားအဖြစ် ဆိုရင် မြက်ကျွေးပြီး မွေးတယ်။  အသားတိုးဖို့ဆို အစာတောင့်ကျွေးကြတယ်။ ဒေသနွားမတွေမှာ သားစပ်ပြီး ရက် ၂၉၀ လောက်ဆို နွားလေး မွေးလာတယ်။ အဲဒီနွားမကို မွေးပြီး ၃ လကျော်မှာ သားပြန်စပ်လို့ရတယ်"လို့ပြောပါတယ်။

မိတ္ထီလာမြို့နယ် အလယ်ရွာနေ ဦးကျော်ဆွေက “ရွာမှာတော့ ဘရာမင်နွား အကောင် ၄၀ လောက် ရှိနေပြီ အနီးအနားက ရွာတွေမှာလဲ အဲမျိုးတွေ တွေ့ရတယ်။ ဆရာဇော်နိုင်ပဲ  နိုက်ထရိုဂျင်နဲ့ ထည့်ထားတဲ့ သားဥပါမျိုးချောင်း ယူလာပြီး သားစပ်ပေးတယ်။ နွားမက သားတောင်းတဲ့အချိန် သားစပ်တာ အကောင်းဆုံးပါပဲ။ မိတ္ထီလာမြို့နယ်အတွင်းမှာ ဘရာမင် အသားတိုးနွားအကောင်ရေ ၄၀၀ ကျော်လောက် ရှိနေပြီ။ တလကို အကောင် ၅၀ ကျော်လောက် ဘရာမင်မျိုးစပ်ပေးရတယ်”လို့ ဒေါက်တာဇော်နိုင်က ပြောပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013