DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်၏ ဖုန်းထဲကဓာတ်ပုံများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးဆုံးဖြတ်
DVB
·
May 23, 2018
ရိုက်တာသတင်းထောက်၏ ဖုန်းထဲကဓာတ်ပုံများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးဆုံးဖြတ်
Donate to DVB

 

ရိုက်တာသတင်းထောက် ၂ ဦးအမှုနဲ့ ပတ်သက်ပြီး ရုံးထုတ်စစ်​​​ဆေးရာမှာ သတင်းထောက်​တွေရဲ့ လက်ကိုင်ဖုန်းထဲကရရှိတယ်​လို့ဆိုပြီး ရဲတပ်ဖွဲ့က တင်သွင်းလာတဲ့ သက်သေခံပစ္စည်း​တွေကို ဖုန်းနဲ့ တိုက်ဆိုင်စစ်​ဆေးပြီး​​​ တူညီတာ​တွေကို သက်​​သေခံအဖြစ်​ လက်ခံ​ကြောင်း တရားရုံးက ဆုံးဖြတ်​လိုက်ပါတယ်​။

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မြန်မာနိုင်ငံ အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကျော်စိုးဦးတို့အမှုကို မေလ ၂၂ ရက်နေ့က အကြိမ်​ ၂၀ ​မြောက်​ ရုံးထုတ်​စစ်​​ဆေးခဲ့တာဖြစ်ပါတယ်​။

သတင်းထောက်ကိုကျော်စိုးဦးရဲ့ ဖုန်းထဲကနေ ဝန်ကြီးဌာနတချို့ရဲ့စီမံချက်တချို့၊ ဒုသမ္မတခရီးစဉ်ပါအကြောင်းအရာတချို့၊ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်​ပါအကြောင်းအရာတချို့ကို ဓာတ်ပုံအဖြစ်တွေ့ရတယ်​လို့  နေပြည်တော် ရဲမှုခင်းတပ်​ဖွဲ့၊ နည်းပညာမှုခင်းဌာနက ရဲမှူး​အောင်​​ကျော်​ဆန်းက ​မေလ ၂၁ရက်က တရားရုံး​တော်​ကို တင်​ပြထားတာလည်း ဖြစ်​ပါတယ်​။

သတင်း​ထောက်​ ကိုဝလုံးက “တချို့စာရွက်စာတမ်းတွေက ဘယ်ကမှန်းတောင် မသိပါဘူး။ အဲ့ဒါတွေက Facebook Messenger ကနေ ဝင်လာတဲ့ဟာတွေလို့ ကျနော်တို့ ယူဆတယ်။ ကျနော်ကိုယ်တိုင်တောင် မသိတဲ့ စာရွက်စာတမ်း တွေကို (သက်သေ အဖြစ်) တက်လာတာဆိုတော့ အခြေအနေကို နားမလည်နိုင်ဘူး”လို့ ဆိုပါတယ်​။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ ရိုက်တာ သတင်းဌာနက  သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အရ ဖမ်ဆီး အရေးယူထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013