DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်
DVB
·
May 23, 2018
ဘင်္ဂလားပင်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်
Donate to DVB

 

ဘင်္ဂလားပင်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သဌာနက မေ ၂၂ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းဒေသမှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မြင့်မားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဖြစ်နိုင်ခြေဒေသဟာ ရခိုင်ပြည်နယ် အလယ်ပိုင်း (ကျောက်ဖြူဒေသ) ကမ်းရိုးတန်းအနီးအထိ ပါဝင်နေတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

မိုးရွာသွန်းမှုအနေနဲ့ မြစ်ဝကျွန်းပေါ် အနောက်ဖက်ကမ်းရိုးတန်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းတွေမှာ ရွာသွန်းမြဲထက်ပိုနိုင်တယ်၊ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ မိုးလျော့နည်းပြီး အပူချိန်တွေ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားတယ်။

လက်ရှိအချိန်မှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခုဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံအနေနဲ့ မုတ်သုံလေ၀င်ရောက်ရန် လိုအပ်နေခြင်း၊ မုန်တိုင်းခန့်မှန်းချက်မှာ အိန္ဒိယနိုင်ငံကမ်းခြေတွေမပါဝင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်လာဖွယ်ရာရှိနိုင်ကြောင်း ခန့်မှန်းရတယ်လို့လည်း ဦးထွန်းလွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။

အမေရိကန် ရာသီဥတုခန့်မှန်းရေးဌာနရဲ့ ၂၀၁၈ မေလ ၂၆-၂၉ ရက် ကာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အပူပိုင်းဒေသ သဘာဝဘေးနဲ့ အကျိုးကျေးဇူးရရှိနိုင်မှု ခန့်မှန်းချက်မှာလည်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းဒေသတွေမှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မြင့်မားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013