DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင်တိုက်ခိုက်ခံရသည့်ကိစ္စ တရုတ်ကိုယ်စားလှယ်နှင့် ကာချုပ်ဆွေးနွေး
DVB
·
May 22, 2018
မူဆယ်တွင်တိုက်ခိုက်ခံရသည့်ကိစ္စ တရုတ်ကိုယ်စားလှယ်နှင့် ကာချုပ်ဆွေးနွေး
Donate to DVB

 

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆန်ဂေါင်ဇင်းဟာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့မနက် နေပြည်တော်မှာ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ မေ ၁၂ ရက်က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းတွေနဲ့ မြို့တွင်းရှိ နေအိမ်တွေကို ကေအိုင်အေနဲ့ တီအန်အယ်လ်အေက  တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဒီတိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာပြစ်တင်ရှုတ်ချတဲ့အကြောင်း၊ တရုတ်နိုင်ငံဘက်သို့တိမ်းရှောင်ခဲ့ကြတဲ့ အရပ်သားတွေကို  တရုတ်နိုင်ငံက ကောင်းမွန်စွာစောင့် ရှောက်ပေးထားတဲ့ခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက်  အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ တရုတ်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013