DVB Logo
Home
နိုင်ငံတကာ
ဂျပန်မြောက်ပိုင်း၌ တောမီးကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
April 23, 2026
Photo: NIPPON TV / JAPAN
Photo: NIPPON TV / JAPAN
Donate to DVB

ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဧပြီ ၂၂ ရက်က တောမီးလောင်ကျွမ်းမှုကြောင့် အီဝါ့တေခရိုင် အိုဆူချီမြို့ရှိ ဒေသခံ အိမ်ထောင်စုပေါင်း ၇၀၀ က လူပေါင်း ၁,၈၀၀ ကျော်ကို သူတို့အိမ်တွေကနေ အရေးပေါ် ပြောင်းရွှေ့ဖို့ အမိန့်ပေးထားတယ်လို့ ဂျပန်အစိုးရ အတွင်းရေးမှူးချုပ် မီနိုရု ကီဟာရာက ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။

သစ်တောဧရိယာ ဟက်တာ ၁၅၀ ကျော် မီးလောင်ပျက်စီးသွားကာ အဆောက်အအုံ ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မီနိုရု ကီဟာရာက “အီဝါ့တေခရိုင် အိုဆူချီက တောမီးနဲ့ပတ်သက်ပြီး ဒီနေ့မနက် ၃ နာရီအထိ သိရသလောက်က ကိုဇူချီဘက်မှာ ဟက်တာ ၁၅ ဟက်တာလောက်၊ ကီရီကီရီဘက်မှာ ဟက်တာ ၁၄၀ လောက် ပျက်စီးသွားပါပြီ။ ကီရီကီရီမှာ နေအိမ်တလုံး အပါအဝင် အဆောက်အအုံ ၇ လုံး မီးလောင်ခဲ့ပေမဲ့ ထိခိုက်သေဆုံးသူ  မရှိပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် “ကီရီကီရီဒေသမှာ အိမ်ထောင်စု ၇၀၀ ထဲက လူ ၁,၈၈၄ ယောက်ကို မီးလောင်မှုကြောင့် ပြောင်းရွှေ့ဖို့ အမိန့်ပေးထားပြီး ဒေသခံတွေ ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်ပြီးတော့ စိတ်မကောင်းဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။

မနှစ်ကလည်း အီဝါ့တေ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း အကြီးဆုံး တောမီးလောင်မှုကြောင့် သစ်တောဟက်တာ ၃,၀၀၀ နီးပါး လောင်ကျွမ်းကာ လူ ၄,၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ရသလို မတော်တဆ မီးစတင်စေခဲ့တယ်လို့ ယူဆရတဲ့ လူတယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒီနှစ်တော့ သေဆုံးသူ မရှိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013