DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်သမားကြီးကြပ်သူတဦး သေဆုံးမှု မြန်မာလုပ်သား ၃ ဦးဖမ်းဆီးခံရ
DVB
·
May 21, 2018
ထိုင်းအလုပ်သမားကြီးကြပ်သူတဦး သေဆုံးမှု မြန်မာလုပ်သား ၃ ဦးဖမ်းဆီးခံရ
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းလူမျိုး ဆောက်လုပ်ရေး အလုပ်သမားကြီးကြပ်သူတဦး သေဆုံးသွားတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက  မြန်မာ အလုပ်သမား ၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ် ။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ဖုတ်ဖရမြို့နယ် ဆီရိရတ်ဆဒွန်းရပ်ကွက်ထဲမှာ လူသေ ဆုံးမှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ ဦးခေါင်းနဲ့ ခန္ဓာ ကိုယ်အနှံ့ ထုနှက်ဒဏ်ရာများနဲ့ သွေးအိုင်ထဲလဲကျသေဆုံးနေသူ အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းဒနုဖွန်း ဖလွဲချို ဆိုသူကို တွေ့ရတယ်လို့ ဖုတ်ဖရမြို့နယ်ရဲစခန်းမှ ရဲအုပ် ဆုဝမ်းဆုဝန်းထောဝ်းက  သတင်းထောက်တွေကို ပြောပါတယ်။

အနီးနားကလူတွေ ပြောပြချက်အရ  သေဆုံးသူမှာ ဆောက်လုပ်ရေးအလုပ်သ မားကြီးကြပ်သူတဦးဖြစ်ပြီး ဒီမတိုင်ခင်က မြန်မာအလုပ်သမား ၃ ဦးနဲ့အတူ ၀ိုင်းဖွဲ့ အရက်သောက်ခဲ့ကြကြောင်း၊  အရက်ဝိုင်းမှာ သေဆုံးသူ အလုပ်ကြပ်က အလုပ်သမားတွေကို ပေးထားတဲ့လစာနဲ့ တန်အောင်အလုပ်လုပ်ဖို့ အကျင့်တွေမပြင်ရင် အလုပ်ကထုတ်ပစ်မယ်လို့ ပြောတဲ့အတွက် အရက်မူးနေသူ မြန်မာအလုပ်သမား ၃ ဦးက စိတ်ဆိုးပြီး အနီးမှာရှိတဲ့ သံပိုက်လုံးနဲ့ ၀ိုင်းရိုက်ကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ အဲဒီနေ့မှာပဲ မြန်မာအ လုပ်သမား ၃ ဦးဖြစ်တဲ့ ထွန်းနိုင် ၂၀ နှစ် ၊ ရွှေချစ် ၂၃ နှစ် နဲ့ ချစ်ကို ၃၄ နှစ် တို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ (မှတ်ချက် - နာမည်များမှာထိုင်းဘာသာမှ အနီးစပ်ဆုံးယူထားခြင်းသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013