DVB Logo
Home
မြန်မာသတင်း
အားသွင်းစဉ်ဖုန်းသုံးမိ၍ ပေါက်ကွဲပြီး အန်အယ်လ်ဒီ ပူတာအိုခရိုင်ဥက္ကဋ္ဌဒဏ်ရာရ
DVB
·
May 21, 2018
အားသွင်းစဉ်ဖုန်းသုံးမိ၍ ပေါက်ကွဲပြီး အန်အယ်လ်ဒီ ပူတာအိုခရိုင်ဥက္ကဋ္ဌဒဏ်ရာရ
Donate to DVB

လက်ကိုင်ဖုန်းကို အားသွင်းနေရင်း အင်တာနက်သုံးလို့ ပေါက်ကွဲပြီး ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အန်အယ်လ်ဒီပါတီ ခရိုင်ဥက္ကဋ္ဌ ဦးရယ်တီရဲ့ဟာ လက်နဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မေလ ၁၈ ရက် နေ့လယ်က ဖုန်းကို အားသွင်းရင်း အသုံးပြုရာကနေ ပေါက်ကွဲသွားတာလို့ ပူတာအိုမြို့နယ် အန်အယ်လ်ဒီ ဒု ဥက္ကဋ္ဌ ဦးအခီကပြောပါတယ်။

“ကျနော် သိသလောက် ပြောရရင် သူက ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌရဲ့ ပီအက်စ်အို (ကိုယ်ရေးအရာရှိ) ကို ဖုန်းနဲ့ဆက်သွယ်ချင်တယ်။ ဒါပေမယ့် ဖုန်းနံပါတ် မရှိတာကြောင့် အင်တာနက်ဖွင့်ပြီး ဗီဒီယိုကောလ်ခေါ်လိုက်တာ။ ခေါ်တာနဲ့ ပေါက်ကွဲတာ။ လက်ဖဝါးကို ဖြတ်လိုက်ရတယ်။ မျက်နှာမှာ မျက်မှန်နဲ့ကြောင့် မျက်စိမထိခိုက်ပေမယ့် ဘယ်ဘက် မျက်လုံး နည်းနည်း ဝါးနေတယ်”

ပူတာအိုမှာ တရက်ခြားတခါ လျှပ်စစ်မီးလာပြီး တရက်မှာ သုံးနာရီပဲ ရတာကြောင့် အဲဒီနေ့က ဆိုလာကို အသုံးပြုပြီး ဖုန်းအားသွင်းနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးရယ်တီရဲ့ဟာ ပူတာအို ဆေးရုံမှာ တက်ရောက်နေရတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013