DVB Logo
Home
မြန်မာသတင်း
သီပေါ ကုန်းသာရွာတွင် ဇနီးမောင်နှံ ၂ ဦး နေအိမ်ပေါ် သေနတ်ဖြင့် အပစ်ခံရ
DVB
·
May 21, 2018
သီပေါ ကုန်းသာရွာတွင် ဇနီးမောင်နှံ ၂ ဦး နေအိမ်ပေါ် သေနတ်ဖြင့် အပစ်ခံရ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာမှာ မေ ၂၀ ရက်နေ့ မနက်က ဇနီးမောင်နှံ  ၂ ဦး သေနတ်ပစ်ခံရတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

မေလ ၂၀ ရက် မနက် ၁ နာရီလောက်က ကုန်းသာရွာမှာ သေနတ်ပစ်ခံရလို့ ဒဏ်ရာ ရသူရှိကြောင်း ဆက်သွယ်အကူအညီတောင်းလာတဲ့အတွက် ရဲစခန်းကိုလည်း အသိပေးပြီး လူနာသွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သီပေါနယ်စည်းမခြားပရဟိအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီ ကို ပြောပါတယ်။

“၂၀ ရက်နေ့ မနက်တစ်နာရီမှာ ဒေသခံတဦးက အကြောင်းကြားလာလို့ ကျနော်က ရဲစခန်းကို သတင်းပို့တယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အပစ်ခံရတဲ့အိမ်ကို ရောက်သွား တယ်။  အိပ်ယာပေါ်မှာ မိသားစု ၃ ဦးပေါ့။ ယောက်ျားလည်း သေနတ်ဒဏ်ရာနဲ့ မိန်းမလည်း သေနတ်ဒဏ်ရာနဲ့ ကလေးကတော့ အိပ်နေတယ်။ ဒဏ်ရာကြည့်တော့ ယောက်ျားက ပေါင်မှာ ၂ ချက် အပစ်ခံရတယ်။ မိန်းမကတော့ နံစောင်းနဲ့ ၀မ်းဗိုက်နဲ့ပေါင်မှာ ၃ ချက်၊ ကလေးကတော့ ဘာမှ မဖြစ်ဘူး။ ကျနော်တို့က သူတို့ကို သီပေါဆေးရုံပို့လိုက်ပြီး ဒဏ်ရာပြင်းထန်လို့  မန္တလေး ဆေးရုံကို ဆက်လွှဲပေးလိုက်တယ်။ အခု မန္တလေးဆေးရုံမှာ။”

အပစ်ခံရသူတွေမှာ ရှမ်းလူမျိုး ဇနီးမောင်နှံဖြစ်ပြီး ကလေးမှာ ၂ နှစ်သားအရွယ်သာ ရှိကြောင်း၊ သူတို့ အမည်၊ အသက်နဲ့ အပစ်ခံရပုံ အသေးစိတ်တွေကိုတော့ သီပေါရဲစခန်းကိုသာ မေးမြန်းဖို့  ကိုမျိုးက ညွှန်းလိုက်ပါတယ်။

သီပေါရဲစခန်းနဲ့ ကျောက်မဲခရိုင် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်မဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကို မေးမြန်းကြည့်ရာမှာ အခင်းဖြစ်ပွားရာနေရာဟာ ကျောက်မဲ နဲ့ အလှမ်းဝေးတဲ့အတွက် အသေးစိတ်မသိရကြောင်း၊  ရွာသားတွေပြောပြချက်အရ အပစ်ခံရတဲ့အိမ်ဟာ ဒီလ ၉ ရက်နေ့က လူတစ်ဦး သေနတ်ပစ်ခံရတဲ့ အိမ်ပဲဖြစ်ပြီး ဘယ်လို ဆက်စပ်မှုရှိလည်းတော့ မသိဘူးလို့ ပြောပါတယ်။

“အဲဒီရွာက ကျနော်တို့နဲ့ဝေးတော့ သွားမကြည့်လိုက်ရဘူးခင်ဗျ။ ဒါပေမယ့် ရွာသားတွေကို မေးကြည့်တော့ အဲဒီအိမ်မှာ ဒီလ ၉ ရက်နေ့ကပဲ လူတယောက်အပစ်ခံရသေးတယ်လို့ ပြော တယ်၊  မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ကိစ္စနဲ့ ပတ်သက်တယ်လို့လည်း ပြောကြတယ်၊ ကျနော်တော့ ဒီထက်ပိုပြီး မသိပါဘူးခင်ဗျ။”

ပြီးခဲ့တဲ့ ၉ ရက်နေ့က အပစ်ခံရတဲ့ လူကတော့ အသက် ၃၀ နှစ်ရွယ်ရှိ စိုင်းကျော်မိုး ဆိုသူဖြစ်ပြီး သူ့ကိုမပစ်ခင် အိမ်ကိုအရင်ခဲနဲ့ပေါက်ခံရကာ အိမ်ပြင်ထွက်ကြည့်တဲ့ရာက ခြေသလုံးနဲ့ ခြေထောက်တွေမှာ အပစ်ခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013