DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၇၄၀ တန် လူနာယာဉ် ၁၅ စီး ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်
DVB
·
May 21, 2018
ကျပ်သိန်း ၇၄၀ တန် လူနာယာဉ် ၁၅ စီး ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်
Donate to DVB

 

စက်မှုဝန်ကြီးဌာနက တပ်ဆင်ထုတ်လုပ်တဲ့ တစီးကို ကျပ်သိန်း ၇၄၀ တန်  လူနာတင် ယာဉ် ၁၅ စီးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက်ထပ် အစီး ၄၀ လွှဲပြောင်းပေးဦးမယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေမှာရှိတဲ့ အမှတ် ၁၅ အကြီးစားစက်ရုံမှာ လူနာတင်ကားတွေ တပ်ဆင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လူနာတင်ယာဉ်အဖြစ် အသုံးပြုမယ့် မော်တော်ယာဉ်နဲ့ ယာဉ်မှာ တပ်ဆင်အသုံးပြုမယ့် Medical Equipments နဲ့ ဆက်စပ်ပစ္စည်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အရေးပေါ်ကုသရေး ဆေးပညာဌာန (Emergency Medical Service)က ကျွမ်းကျင်ပညာရှင်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့် အသင့်တော်ဆုံး ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်ထားတာလို့ ပြောပါတယ်။

ပြီးတော့ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်ရေးအဖွဲ့နဲ့ စစ်ဆေးအတည်ပြုရေး အဖွဲ့တို့ကိုလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းခဲ့တယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လိုအပ်တဲ့ လူနာတင်ယာဉ်တွေကို နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်ပေးနိုင်ဖို့ ၂၀၁၇ ခုနှစ်ကပဲ စီမံချက်ချမှတ်ခဲ့တာလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒီလူနာတင်ယာဉ်တွေ တပ်ဆင်ထုတ်လုပ်ရာမှာ Myanmar Treasure Company က အကျိုးတူ ပူးပေါင်းခဲ့တာ ဖြစ်ပြီး မကြာခင်မှာ လူနာတင်ယာဉ် အစီး ၄၀ ကို လွှဲပြောင်းပေးဦးမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီလူနာတင်ယာဉ်တွေဟာ နိုင်ငံတကာအဆင့်မီ Standard Type အမျိုးအစား ဖြစ်ပြီး တစီးကို မြန်မာကျပ်ငွေ သိန်း ၇၄၀ ဖြစ်ပါတယ်။ မော်တော်ယာဉ်နဲ့ အတွင်းစက်ပစ္စည်း တွေကို ၁ နှစ်အာမခံ ပေးထားပြီး ဈေးကွက်လိုအပ်ချက်အရ Basic Type နဲ့ Advance Type အမျိုးအစားတွေကို ထပ်ပြီး ထုတ်ဦးမယ်လို့လည်း ဆိုပါတယ်။

အရင်က ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ လူနာတင်ယာဉ် အစီး ၆၀ ကျော်ကို သုံးစွဲဖို့ ဆီ၊ ဝန်ထမ်းစရိတ်စတဲ့ ဘတ်ဂျက်တွေ မရှိတာကြောင့် အစိုးရက အသုံးမပြုဘဲ ရန်ကုန်မြို့ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံနောက်မှာ စွန့်ပစ်ထားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013