DVB Logo
Home
မြန်မာသတင်း
‘မတစ်ထောင် တစ်ကောင်ဘွား’ ဇာတ်ကားထဲမှ အားမရသည့်အချက်ကို ဖွင့်ဟခဲ့သည့် အောင်ရဲလင်း
DVB
·
May 21, 2018
‘မတစ်ထောင် တစ်ကောင်ဘွား’ ဇာတ်ကားထဲမှ အားမရသည့်အချက်ကို ဖွင့်ဟခဲ့သည့် အောင်ရဲလင်း
1 / 4
Donate to DVB

အနုပညာလောကထဲမှာ ဖက်ရှင် ခပ်မိုက်မိုက်နဲ့ အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နောက်ပိုင်းဇာတ်ကားတွေမှာ သရုပ်ဆောင်ပိုကောင်းလာတဲ့ အောင်ရဲလင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဇာတ်ကောင်စရိုက် နှစ်ခုကို အပီပြင်ဆုံး ကြိုးစား သရုပ်ဆောင်ခဲ့ကာ ဇာတ်ကား စ ဆုံးကို ကိုယ်တိုင်ပြန်ကြည့်တဲ့အခါ အားရမှုရှိခဲ့ပေမယ့် အားမရတဲ့ အချက်တချက်ရှိကြောင်းကို ဖွင့်ဟပြောပြခဲ့ပါတယ်။

“ကျနော် အားမရလိုက်တာ တခုတော့ ရှိပါတယ်။ ကုပ်က တက်တူး နည်းနည်းပေါ်နေတယ်။ အဲဒါတခုကို အားမရလိုက်ဘူး။ ကျနော် မော်နီတာမှာ ပြန်ကြည့်တဲ့အချိန်မှာ သိပ်မသိသာဘူးလို့ ထင်ခဲ့တာ။ ရုပ်ရှင်ရုံထဲမှာကျတော့ သိသာသွားတာပေါ့။ အဲဒါတခုတော့ စိတ်ထဲ အားမရဘူး။ ဇာတ်ကောင်ကို ပီပြင်စေဖို့လည်း ကျနော်တို့ အစွမ်းကုန်လုပ်ပါတယ်။ ပြင်ဆင်တဲ့ အပိုင်းတခုအနေနဲ့ ဝတ္ထုထဲမှာကျတော့ မျက်နှာကို ပဝါစည်းထားတယ်ပေါ့။ ရိုက်ကွင်းမှာတော့ လုပ်ကြည့်ခဲ့တယ်။ ဒီဘက်ခေတ်နဲ့ကြည့်ရင် ပုံစံက နည်းနည်းဟာသဖြစ်နေတယ်။ အဲဒီအတွက် မျက်နှာကိုဖုံးဖို့ တခုခုတော့ လိုတယ်။ မျက်နှာဖုံးတပ်ဖို့ အားလုံးရွေးခဲ့တယ်။ မျက်နှာဖုံးတပ်ခြင်းအားဖြင့်လည်း လူသတ်သမားတယောက် ဆိုတာကို ပိုပြီးအထောက်အပံ့ ဖြစ်စေတယ်” လို့ သရုပ်ဆောင် အောင်ရဲလင်းက ရုပ်ရှင်ဇာတ်ကားထဲက အကြောင်းအရာတချို့ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် “မတစ်ထောင်တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကား ပိုစတာ စထွက်ကတည်းက ပရိသတ်တွေ ဝေဖန်ခဲ့ကြတဲ့ G-Shock နာရီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အောင်ရဲလင်းက “အားလုံး သိတဲ့အတိုင်းပါပဲ။ ကျနော်က ဝေဖန်တဲ့အပေါ်ကို သိပ်ဖြေရှင်းလေ့ မရှိပါဘူး။ ဝေဖန်မှုတိုင်းကို ကျနော်က လက်ခံတယ်။ ကောင်းကောင်းဆိုးဆိုးပေါ့။ ရုပ်ရှင် လာကြည့်ရင်တော့ သိမှာပါ။ ကျနော် အခုလည်း အဲဒီနာရီကို ပတ်ထားပါတယ်။ ကျနော်တို့တွေ အကောင်းဆုံး ကြိုးစားထားပါတယ်။ ရုပ်ရှင်ကြည့်ရင် သိမှာပါ။ ရုပ်ရှင်လာကြည့်တဲ့အခါကျရင် ကျနော်တို့အားလုံး တကယ်ကြိုးစားထားလား၊ မကြိုးစားထားဘူးလား ဆိုတာ အဖြေက ပေါ်လာမှာပဲ” လို့ ဆိုပါတယ်။

“မတစ်ထောင်တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း နေစိုးသော်က ရေးသားကာ ဒါရိုက်တာခင်စောမျိုးက ပုံဖော်ဖန်တီးထားပြီး သရုပ်ဆောင်တွေအနေနဲ့ ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ထွန်းလွင်အောင်၊ နေရဲလင်း၊ ဇင်မျိုး၊ ဓာတ်လင်း၊ သိမ့်သိမ့်တုန်၊ မာန်၊ အေးထွဋ်ဝင်း၊ အောင်ကျော်ထွန်းနဲ့ တခြား အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013