DVB Logo
Home
မြန်မာသတင်း
အကျင့်ပျက်ရဲအရာရှိများကို အရေးယူရန် တိုင်ကြားသည့်ရဲတပ်သား ၅ ဦးကို အပြီးသတ်စစ်ဆေး
DVB
·
May 21, 2018
အကျင့်ပျက်ရဲအရာရှိများကို အရေးယူရန် တိုင်ကြားသည့်ရဲတပ်သား ၅ ဦးကို အပြီးသတ်စစ်ဆေး
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိတိုက်ဖျက်​ေ​ရး​ေက်ာမရှင်​ထံ အကျင့်ပျက် ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့တိုင်ကြားခဲ့တဲ့ ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သား ၅ ဦးကို မန္တ​လေးခရိုင် ​ရဲတရားရုံးမှာ အပြီးသတ်​စစ်​​ဆေးနေပါတယ်။

ဧပြီ၂၅ ရက်ညက ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရွာ​မှာ ဖမ်းဆီးမိတဲ့ သစ်တွေနဲ့အတူတရားခံကို အမှုဖွင့်ဖို့ ​ စီစဉ်​​နေစဉ်​မှာ တရားခံ နှစ်ေ​​ယာက်ကို လွှတ်​​ပေးလိုက်​ပြီး ပိုင်ရှင်မဲ့အဖြစ် မမှန်မကန်အမှုဖွင့်ခဲ့တဲ့ တာဝန်​ရှိစခန်းမှူးနဲ့ နယ်​ထိန်း​ခေါင်း​ဆောင်​တို့ကို အ​ရေးယူ​ပေးဖို့​ ရဲတပ်သား ၅ ဦးက မေလ ၂ရက်မှာ သက်ဆိုင်ရာကို တိုင်ကြားထားခဲ့တာပါ။

အဆိုပါ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ရဲတပ်သားကျော်စိုးဝင်း၊ ရဲတပ်သားထွန်းထွန်းဝင်း၊ ရဲတပ်သားရဲလင်းစိုး၊ ရဲတပ်သား ဇေယျာမောင်၊ ရဲတပ်သားချစ်ကိုတို့ ၅ ဦးကို ​မေလ ၂၁ ရက်​​မှာ မန္တ​လေးခရိုင်​ရဲ တရားရုံးကို ​ခေါ်ယူစစ်​​ဆေး​​ခဲ့ပါတယ်​။ ဒါ့အပြင် တာဝန်​မှူး ဒုရဲအုပ်​ကိုကိုလင်းနဲ့ သစ်​​တောဦးစီဌာနမှ တာဝန်​ရှိသူ​တွေကိုလည်း ​မန္တ​လေးခရိုင်​ရဲတရားရုံးမှာ ​စစ်​​ဆေး​နေတာပါ။

ဒုရဲအုပ်​ကိုကိုလင်းရဲ့ဇနီးဖြစ်​သူ မခိုင်​သဇင်​က “အမှုဖြစ်​စဉ်​မှာ ကျမ​ယောက်ျားမပါဘဲ တာဝန်​မှူးဖြစ်​လို့ဆိုပြီး မန္တ​လေးအမှတ်​(၂)စခန်းမှာ ထိန်းသိမ်းခံထားရတယ်။ ကျမတို့မိသားစု အရမ်းဒုက္ခ​ရောက်​ကြရတယ်​။ သမီးနှစ်​​ယောက်​နဲ့ဆို​တော့ ဘာလုပ်​ရမှန်းမသိဘူး။ ​တာဝန်​မှူး​ တော့ မှန်​တယ်​​လေ။ အမှုစစ်​မယ်​လုပ်​​တော့ သစ်​​ကားမိတဲ့ တရားခံက မရှိ​တော့​ဘူးလေ။ ဘယ်​လိုစစ်​ရမလဲမေးမိလို့ အခုလိုဖမ်းချုပ်​ပြီး ထိန်းသိမ်းခံရတာ ကျမတို့မိသားစုကို တတ်​နိုင်​သ​လောက်​ ကယ်​​ပေးကြဖို့ အကူညီ​တောင်းပါရ​စေ”လို့ ​ ပြောပါတယ်​။

ဒီဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး တိုင်​ကြားခဲ့တဲ့ရဲတပ်​သား​တွေနဲ့အတူ သက်​​သေ​တွေဖြစ်​တဲ့ ၈၈ ငြိမ်း/ပွင့်က ကိုစိုးသီဟ၊ ဦးကိုကိုလွင်၊​ သစ်​​တောဦးစီးက တာဝန်​ရှိသူ​တွေနဲ့ တာဝန်​မှူးဖြစ်​တဲ့ ဒုရဲအုပ်​ကိုကိုလင်းတို့ကို ဒီ​နေ့အပြီးသတ်​စစ်​​ဆေးပြီး ထုတ်​ပြန်​​ပေးသွားမယ်​လို့ မန္တ​လေးခရိုင်​ ရဲတပ်​ဖွဲ့မှူးရုံး ရဲအုပ်​ ညီညီမင်းက​ ပြောပါတယ်​။

ဒီအမှုမှာ ဝန်​ထမ်း​တွေကို အကျင့်ပျက်​ပြား​စေပြီး ​တရားဥပ​ဒေစိုးမိုး​ရေးကို ထိခိုက်​​အောင်​ လုပ်​​ဆောင်​​နေတဲ့ မုံလာထုပ်​(ခ)​အောင်​မိုးစိုးကိုလည်း  ပုဒ်​မ ၆ (၁)နဲ့ အ​ရေးယူထားပါတယ်​။

၈၈ ငြိမ်း/ပွင့်က ဦးကိုကိုလွင်​က“မုံလာထုပ်​(ခ)​အောင်​မိုးစိုးကို ​ကျောက်​ဆည်​မြို့​ ဒေသခံ​တွေက ထိထိ​ရောက်​ရောက် ပြစ်​ဒဏ်​ချမှတ်​​ပေးဖို့လိုလား​နေကြသလို ၈၈ ငြိမ်း/ပွင့်အ​နေနဲ့လည်း တရားဥပ​ဒေစိုးမိုး​ရေးကို ထိခိုက်​​​စေပြီး မြို့ရဲ့တည်​ငြိမ်​မှု တရားဥပ​ဒေစိုးမိုး​စေမှုရှိ​စေဖို့​ ဝန်​ထမ်း အများစုကို အကျင့်ပျက်​ ခြစား​အောင်​ပြုလုပ်​​နေတဲ့အတွက် ရဲတပ်​သားငယ်​​တွေနဲ့ ပူး​ပေါင်း ​ဖော်​ထုတ်​ခဲ့တာဟာ ကြီး​လေးတဲ့ပြစ်​ဒဏ်​​ပေး​စေချင်​လို့ ဖြစ်​တယ်​”လို့ ပြောပါတယ်​။

ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်သား ၅ ဦးနဲ့ အတူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)က​ ဦး​ဆောင်​ လက်မှတ်ရေးထိုးပြီး ပြည်​ထဲ​ရေးဝန်​ကြီးဌာနနဲ့ သက်​ဆိုင်ရာ ဌာနအသီးသီးကို တိုင်​ကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013