DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေး ၃နှစ်အတွင်း ကျပ် ၄၇ ဘီလီယံကျော်သုံးရန် လျာထား
DVB
·
May 21, 2018
ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေး ၃နှစ်အတွင်း ကျပ် ၄၇ ဘီလီယံကျော်သုံးရန် လျာထား
Donate to DVB

ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် သုံးနှစ်အတွင်း ကျပ် ၄၇ ဘီလီယံ ကျော်သုံးဖို့ လျာထားတယ်လို့ မေ ၂၁ ရက် ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးဝင်းမောင်မေးမြန်းတဲ့ မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျမှုတွေ လျော့ပါးရေး အတွက် ခေတ်မီကျွမ်းကျင်တဲ့ နည်းပညာတွေနဲ့အတူ ရေရှည်စီမံကိန်းတွေ ချမှတ် လုပ်ကိုင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေဆိုတာပါ။

“လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သုံးနှစ်အတွင်း ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်မယ့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး အစီအမံ တွေအတွက် စုစုပေါင်း ကျပ် ၄၇ ဒသမ ၇၇ ဘီလီယံ ခန့်မှန်းလျာထားပါတယ်” လို့ ဦးကျော်မျိုးက ပြောပါတယ်။

ခေတ်မီနည်းပညာပိုင်းမှာ တိုက်ရိုက်ကာကွယ်တဲ့နည်းစနစ်ဖြစ်တဲ့ မြေထိန်းနံရံ တည်ဆောက်တာတွေမှာ အောက်ခြေ Foundation ခိုင်ခံစေဖို့ ဘိုးပိုင်တွေ ရိုက်သွင်း ဆောင်ရွက်နေတယ်ပြီး ရန်ပုံငွေခွင့် ပြုပေးနိုင်ရင် ဘိုးပိုင်တွေအစား ပိုကောင်းတဲ့ Sheet Pile တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းတွေမှာမည်သည့် Foundation နဲ့လုပ်လုပ် ရေနက်ကြောင်းကပ်လာရင်အောက် ခြေတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ကြံ့ခိုင်မှု နည်းပါးစေပါတယ်။ ဒါကြောင့် ကမ်းပါးအောက်ခြေ ရေနက်ကြောင်းဖြစ်ပေါ်မှုကာကွယ်ဖို့က အရေကြီးဆုံးဖြစ်ပါတယ် ” လို့ ဒုဝန်ကြီးက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂၀ ဒသမ ၅ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၄ ဘီလီယံ စုစုပေါင်း ရန်ပုံငွေ ကျပ် ၄၄ ဒသမ ၅ ဘီလီယံ သုံးစွဲ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013