DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ နေ့စဉ်မြင့်တက်
DVB
·
May 21, 2018
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ နေ့စဉ်မြင့်တက်
Donate to DVB

 

ပြည်တွင်းစက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့လကစလို့ နေ့တိုင်းတက်နေခဲ့ပြီး ဒီနေ့ ပေါက်ဈေးဟာ အခု လဆန်းပိုင်းနဲ့ ယှဉ်ရင် တလီတာကို ကျပ် ၅၀ လောက် ပိုတက်လာခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ယှဉ်မယ်ဆိုရင် ကျပ် ၁၅၀ ဝန်းကျင်လောက် အထိ မြင့်တက်သွားပါတယ်။

မေလဆန်းပိုင်းက ဒီဇယ်တလီတာကို ၈၄၅ ကျပ်ကနေ ဒီနေ့ ၉၀၀ ကျပ်၊ မေလဆန်း ပိုင်းက ပရီမီယမ်ဒီဇယ် တလီတာကို  ၈၆၀ ကျပ်ကနေ ဒီနေ့ ၉၁၅ ကျပ်၊ မေလဆန်းပိုင်းက အောက်တိန်း ၉၅ တလီတာကို ၈၆၀ ကျပ်ကနေ ဒီနေ့ဆိုရင် ၉၁၅ ကျပ်နဲ့ မေလဆန်းပိုင်းက အောက်တိန်း ၉၂ တလီတာကို ၈၁၀ ကျပ်ကနေ ဒီနေ့ ၈၆၅ ကျပ်နှုန်း ဖြစ်ပါတယ်။

ဒါတွေဟာ ရန်ကုန်ကို အခြေပြုတဲ့ ဈေးနှုန်းတွေပဲ ဖြစ်ပြီး နယ်တွေမှာ ဆိုရင်တော့ သူ့နေရာ အလိုက် ရန်ကုန်ဈေးထက် ၁၀ ကျပ်ကနေ ၁၂၀ ကျပ်လောက်အထိ ပိုများနေတာပါ။

ရန်ကုန်က တက္ကစီသမားတယောက်ဖြစ်သူ ကိုဝေလင်းက “အရင်က ဆီဖိုးတရက်ကို ၈ ထောင်၊ တသောင်းနဲ့ရရင် အခု ၁၅၀၀၀ လောက် ကုန်နေတယ်။ ကားပေါ်မှာတော့ မူတည်တာပေါ့လေ။ တချို့ခရီးကို ဈေးတင်တောင်းကြည့်ရတာပေါ့။ ရရင်လည်း ရပေါ့။” လို့ ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်နေလို့ စက်သုံးဆီဈေးနှုန်းနဲ့ ရောင်းဝယ်မှု အခြေအနေတွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွန်ချက်တွေနဲ့အညီ စက်သုံးဆီဆိုင်တွေ ရောင်းဝယ်တာကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ပြုစုနေတယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြီးခဲ့တဲ့ လဆန်းပိုင်း က တိုင်းလွှတ်တော်မှာ ဖြေကြားခဲ့ပါသေးတယ်။

စီးပွားကူးသန်း လက်ထောက်အတွင်းဝန်ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာရှိတဲ့ စက်သုံးဆီ ဂါလန် သုံးသန်းကို ဈေးကွက်ထဲမှာ ဖြည့်ဆည်းရောင်းချဖို့ စ်ီစဉ်နေတယ်လို့ ပြီးခဲ့တဲ့လထဲမှာ ပြောထားပါတယ်။

လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကလည်း နိုင်ငံအတွင်း ရေနံချက်လုပ်နိုင်စွမ်းမြှင့်ရမယ်လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်ကတော့ ကမ္ဘာ့ရေနံဈေးတွေ ကျဆင်းခဲ့ပေမယ် မြန်မာမှာတော့ စက်သုံးဆီဈေးမကျလို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းက ညှိနှိုင်းခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013