DVB Logo
Home
မြန်မာသတင်း
နတ္တလင်းမြို့က ဆန္ဒပြကျောင်းသားများကို စတင်ရုံးထုတ်စစ်ဆေး
DVB
·
May 21, 2018
နတ္တလင်းမြို့က ဆန္ဒပြကျောင်းသားများကို စတင်ရုံးထုတ်စစ်ဆေး
Donate to DVB

 

စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် တောင်းဆိုဆန္ဒပြကြတဲ့ နတ္တလင်းမြို့က အခြေခံပညာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေကို ဒီနေ့မနက်က နတ္တလင်းမြို့နယ်တရားရုံးမှာ စတင် ရုံးထုတ်စစ်ဆေးနေပါပြီ။

စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ကချင်ပြည်နယ်မှာ ပိတ်မိနေတဲ့ တိုင်းရင်းသားတွေကို ကယ်ထုတ်ပေးဖို့အတွက်ကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်က နတ္တလင်းမြို့မှာ  တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ထဲက ကျောင်းသား သုံးယောက်ဟာ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲခံနေရတာပါ။

ဖမ်းဆီးခံရသူတဦးဖြစ်တဲ့ ကိုဆောင်းဦးသွင်က “ဒီပွဲမလုပ်ခင် ၄ရက်လောက်ကတည်းက ရဲတွေ၊ စရဖတွေ၊ SB တွေကို ဖုန်းနဲ့ အကြောင်းကြားထားတယ်။ သူတို့က မေလ ၁၄ ရက်နေ့ကျမှ စာတင်ရမယ်ဆိုပြီး လာပြောတာ။ အဲဒီတော့ ၄၈ နာရီမတိုင်မီ ဆိုတဲ့ သူတို့ သတ်မှတ်တဲ့အချိန်နဲ့ မကိုက်တော့ဘူး။ အမှန် သူတို့ ရိုးသားတယ်ဆိုရင် သူတို့ကို ပြောထားတာကြာပြီ။ တမင်ဖမ်းချင်လို့ လုပ်တာလို့ ယူဆတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုပိုင်ငြိမ်းဝေ၊ ကိုဆောင်ဦးသွင်၊ ကိုရီဝေယံတို့အားလုံးက နတ္တလင်းမြို့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ပြီး ကိုပိုင်ငြိမ်းဝေက ၉ တန်း၊ ကိုရီဝေယံနဲ့ ကိုဆောင်းဦးသွင်က ၁၀ တန်း ကျောင်းသားတွေ ဖြစ်ကြပါတယ်။

“ကျနော်တို့က ငြိမ်းချမ်းရေးကို တောင်းနေတာကို သူတို့က ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး အခုလို ဖမ်းတယ်။ ကျနော်တို့ကတော့ ဗကသမူအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” လို့ ဖမ်းဆီးခံကျောင်းသားတွေက ဒီဗွီဘီကို ပြောပါတယ်။

သူတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ နတ္တလင်းမြို့ မြို့မရဲစခန်းက အမှုဖွင့်ခဲ့ပြီး နတ္တလင်းမြို့နယ် တရားရုံးမှာမှု စစ်ဆေးခဲ့ကာ တရားလိုကတော့ နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း ပြည်မြို့ကနေ ကချင်ပြည်နယ်ထိ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကိုမေတ္တာဦးနဲ့ ကိုမျိုးသူထွဋ်တို့ကို  မေလ ၁၈ ရက်က ပြည်မြို့နယ် တရားရုံးမှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံပေးထားပါတယ်။

သူတို့ကို တနာရီကျော် စစ်ဆေးခဲ့ပြီး တရားရုံးက  ကျပ်ငွေ ၀ါးသိန်းနဲ့ အာမခံပေးလိုက်ပြီး လာမယ့် ဇွန်လ ၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013