DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကြောက်မက်ဖွယ်မြေပြိုကျ (ရုပ်သံ)
DVB
·
May 21, 2018
ဖားကန့်တွင် ကြောက်မက်ဖွယ်မြေပြိုကျ (ရုပ်သံ)
Donate to DVB

ဖားကန့်၊ ဝှေခါမှော်မှာ မေ ၂၀ ရက်နေ့က ကြောက်မက်ဖွယ် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

Kachin Jade ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီနေ့မနက်ပိုင်း တင်ထားတဲ့ ရုပ်သံထဲမှာတော့ မြေစာပုံကြီးမပြိုကျမီ အောက်ဘက်မှာ ရေမဆေးကျောက်ရှာဖွေသူတွေကို တွေ့ရပါတယ်။ ဒီနောက် လူတွေရဲ့ အော်သံတွေကို ကြားရပြီးနောက် တဖြည်းဖြည်း မြေပြိုကျခဲ့တာပါ။ မြေပုံပြိုကျလာစဉ် လူတွေ ထွက်ပြေးနေကြတာကိုလည်း တွေ့ရပါတယ်။

ဒေသခံတယောက်က “မြေက အမြင့်ကနေ အောက်က ရေကန်ထဲကို ပြိုကျတယ်။ အဲဒီကနေ အရှိန်နဲ့ နုန်းတွေပြန်တက်လာပြီး တယောက်သေတယ်။ ဒဏ်ရာရတဲ့ သူထဲက ဆေးရုံပို့ရင်း နောက်တယောက် ထပ်သေတယ်။ နောက်ထပ် ဒဏ်ရာရတာ ၈ ယောက်ရှိပါသေးတယ်” လို့ ပြောပါတယ်။

ကျောက်တူးထားတဲ့ စနစ်နဲ့ မိုင်းဒဏ်ခံထားရတဲ့ တောင်တွေကြောင့် မိုးရွာရင် အချိန်မရွေး မြေထပ်ပြိုနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မေ ၁၉ ရက်နေ့က မမုံကျေးရွာအနီးမှာ မြေစာပုံပြိုကျလို့ ၁ ဦးသေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မေလကလည်း ဝှေခါရွာနားမှာ မြေပြိုပြီး လူ ၁၃ ယောက်သေပြီး  အယောက် ၁၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။

မိုင်းနဲ့ စက်ယန္တရားကြီးတွေ အလွန်အကျွံ အသုံးပြုကာ ကျောက်စိမ်း တူးဖော်မှုကြောင့် ဖားကန့် ကျောက်စိမ်းမှော်မှာ မြေပြိုကျမှု မကြာခဏ ဖြစ်ပွားပြီး လူအသေအပျောက်တွေ ရှိနေတာ ဖြစ်ပါတယ်။

 

ရုပ်သံ - Kachin Jade

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013