DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ
DVB
·
May 21, 2018
ဖားကန့်တွင် မြေစာပုံပြိုကျ၍ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ
Donate to DVB

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်မှာ မေ ၂၀ ရက် ညနေ ၆ နာရီလောက်  မြေစာပုံပြိုကျတဲ့ အတွက် ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်က ပြောပါတယ်။

“ရတနာကြယ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ ၁၀၀ အကျယ် ၅၀ ပေလောက်ရှိတဲ့ ကမ်းပါးမြေစာတွေ ရုတ်တရက်ပြိုကျတဲ့အတွက် ရေမဆေး ကျောက်ရှာဖွေသူ ဦးအောင်ဌေး မြေစာတွေနဲ့ရေတွေ ရောနေတဲ့ အိုင်ထဲ ပါးစပ်နဲ့ နှာခေါင်းမှာ သဲတွေ နစ်မြုပ်သေဆုံးနေပြီး ကျန်တဲ့ ၆ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တာ”လို့ ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်က ပြောပါတယ်။

မြေစာပုံပြိုကျရာနေရာကို မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး၊ အရန် မီးသတ် ၁၀ ဦးနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဝှေခါလူမှုကူညီရေးအသင်း ကားနဲ့ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းကပြောပါတယ်။

မြေစာပုံပြိုကျလို့သေဆုံးခဲ့တဲ့ ဦးအောင်ဌေးကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် သိရှိနိုင်ဖို့ ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃၃/၂၀၁၈ အမှုဖွင့် ဆောင်ရွက်နေပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013