DVB Logo
Home
မြန်မာသတင်း
ဆေးဝါးကဏ္ဍနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ ကူညီမည်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
May 21, 2018
ဆေးဝါးကဏ္ဍနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ ကူညီမည်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

 

ဆေးဝါးကဏ္ဍနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုရှိဖို့ အစိုးရအနေနဲ့ အားပေးကူညီသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓာမာဟိုးဆေးမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဆေးဝါးပညာရှင်များအသင်း Academic & Research Pharmacy Committee က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် သုတေသန ညီလာခံဖွင့်ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်က ဆေးဝါးကဏ္ဍနယ်ပယ်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သုတေသနပြု ငွေကြေးတွေ ထည့်ဝင်မှုတွေ၊ အားပေးထောက်ခံမှုတွေ၊ တွန်းအားပေးမှုတွေ များစွာဆောင်ရွက်ရမှာဖြစ်လို့ အစိုးရဘက်က ပံ့ပိုးကူညီမှု၊ တွန်းအားပေးမှုတွေ လိုအပ်မယ်လို့ ပြောပါတယ်။

“ဆရာဝန်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးသလို ဆေးဝါးကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အင်မတန်အရေးကြီးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့် ဒီကဏ္ဍနယ်ပယ်တိုးတက်လာဖို့ လိုအပ်ပါတယ်။ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ကြီးတွေ ထူထောင်ခဲ့တာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိခဲ့ပြီဖြစ်ပါတယ်။ တိုးတက်မှု အရှိန်အဟုန်ကို ကြည့်မယ်ဆိုရင် ဒီဆယ်စုနှစ်ကျော်လောက်ကာလမှာ မျှော်မှန်းထားသလောက် အခြေအနေတခုကိုတော့ မရောက်သေးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ ပြုပြင်ပြောင်းလဲတည်ဆောက်တဲ့ အစိုးရသစ်ရဲ့သက်တမ်းမှာ ဆေးဝါးကဏ္ဍနယ်ပယ်ကိုလည်း ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်ဖို့ အားပေးကူညီချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013