
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ပြောင်ကျရွာမှာ မေ၂၀ရက် ညနေ၃နာရီ လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့ အလယ်တန်းကျောင်းခွဲ စာသင်ဆောင်နှစ်ဆောင် နဲ့ လူနေအိမ် ၁၈လုံး အမိုးတွေလန်ကာ ပျက်စီးသွားပါတယ်။
ဒေသခံရွာသား ကိုအောင်ကျော်က "စာသင်ဆောင်နှစ်လုံးနဲ့ အိမ်၁၈လုံးရဲ့ အမိုးတွေလန် သွားတယ်။ လောလောဆယ်နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခေတ္တနေ နေရတယ်။ အပျက်အစီး စာ ရင်းတွေ တွက်နေကြတယ်"လို့ပြောပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကတော့ လေဘေး သတင်းရရခြင်းသွားရောက် အားပေးစကားပြောကြားခဲ့ပြီး လတ်တလော အစိုးရအဖွဲ့ကို အကြောင်းကြား တင်ပြထားတယ်လို့ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေက သွပ်နဲ့ သစ်မျှားတန်းတွေအပါအ၀င် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်းချေ ကျပ်သိန်း ၃၀ ကျော်ဖိုးလောက် ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ရဲမှတ်တမ်းအရသိရပါတယ်။
နေမှူးလူ











