DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမဲ့မောင်းနှင်သည့် မြေ၊ သဲကျောက်သယ်ကားများကို အရေးယူမည်
DVB
·
May 21, 2018
စည်းကမ်းမဲ့မောင်းနှင်သည့် မြေ၊ သဲကျောက်သယ်ကားများကို အရေးယူမည်
1 / 2
Donate to DVB

မိတ္ထီလာခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ မြေနဲ့ သဲကျောက် သယ်ဆောင်ရာမှာ လမ်းမပေါ် ဖိတ်စဉ်တာနဲ့ မြို့တွင်းသတ်မှတ် အမြန်နှုန်းထက် ပိုမောင်းရင် တရားစွဲအရေးယူမယ်လို့ ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။

ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့ ဒုရဲမှူးမြင့်စိုးက “ခရိုင်အတွင်းက ၄ မြို့နယ်လုံးကို ပညာပေး လုပ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ လမ်းမပေါ် မြေသဲကျောက်တွေ မကျအောင် စည်းကမ်းရှိရှိ သယ်ဆောင်ဖို့နဲ့ မြို့တွင်း သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းဖို့ အသိပညာပေးတယ်။ သိရှိကြောင်း လက်မှတ်ထိုးယူထားတယ်။ ပညာပေးကာလ ကုန်ရင် မြို့တွင်း မောင်းနှင်တာတွေကို အရက်သောက်တာ တိုင်းတဲ့ကိရိယာ၊ အမြန်နှုန်းတိုင်းကိရိယာနဲ့ တိုင်းတာပြီး ဖမ်းဆီး အရေးယူသွားမှာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နေ ဦးကျော်မြင့်က “မြို့တွင်းလမ်းတွေမှာ ကား၊ ဆိုင်ကယ်တွေ ပြိုင်ပွဲဝင်နေသလို မောင်းရင် အန္တရာယ်ရှိတယ်။ စည်းကမ်းမဲ့ယာဉ်ကို ဥပဒေအရ အရေးယူလို့ရတယ်ဆိုတာ ကိုယ်စီသိထားသင့်တယ်။ လူကြီးမိဘတွေအနေနဲ့ ကလေးတွေကို လက်ဆင့်ကမ်း ပြောပြပေးကြပါ။ မြေသဲကျောက်တွေ လမ်းပေါ် ဖိတ်တာလည်း အန္တရာယ်ပါပဲ။ အခုလို လုပ်ပေးတာ အားပေးထောက်ခံတယ်”လို့ ပြောပါတယ်။

စည်ပင်ဒုဦးစီးအရာရှိ ဦးဆန်းဝင်းက “အများပြည်သူ အန္တရာယ်ကင်းကင်း သွားလာနိုင်အောင် စည်းကမ်းနဲ့ ဥပဒေကို နားလည်အောင် ယာဉ်မောင်း ၄၊ ၅ ယောက် တခါ စုပြီး ပြောပြပေးပါတယ်။ နောက်ဆို အရေးယူတော့မှာပါ” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်ထဲမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေဟာ အရက်မူးတာနဲ့ ယာဉ်မဆင်မခြင် မောင်းတာ၊ ‎မနိုင်ဝန်တွေ တင်ဆောင် မောင်းနှင်တာတွေက မတော်တဆမှု ဖြစ်တာ အများဆုံးပဲလို့ ခရိုင်ယာဉ်ထိန်းရုံးက သိရပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013