DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြပွဲများကို နောက်ကွယ်မှ ပံ့ပိုးခြင်းမရှိဟု ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ငြင်းဆို
DVB
·
May 20, 2018
ဆန္ဒပြပွဲများကို နောက်ကွယ်မှ ပံ့ပိုးခြင်းမရှိဟု ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ငြင်းဆို
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ဘယ်ဆန္ဒပြပွဲကိုမှ နောက်ကွယ်က ပံ့ပိုးတာ မရှိဘူးလို့ ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ငြင်းဆိုလိုက်ပါတယ်။

မေလ ၂၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတဆီကို အိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားရေးသမားတွေရဲ့ ဆန္ဒပြပွဲတွေက တောင်းဆိုချက်တွေနဲ့ ပါတီရဲ့ အိတ်ဖွင့်ပေးစာပါ အချက်တွေ တူညီနေတဲ့အပေါ် အဲဒီဆန္ဒပြပွဲတွေကို ပြည်ခိုင်ဖြိုးက ဦးဆောင်တာလား၊ ဒါမှမဟုတ် နောက်ကွယ်က ပံ့ပိုးတာလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။

ဧရာဝတီတိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးသက်လင်းက “ဒါကတော့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ ဆန္ဒတူရာ ယုံကြည်ချက်တူရာ စုစည်းပြီးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ ပါတီကတော့ ဆူပူအုံကြွမှုဖြစ်အောင်လုပ်ပြီးတော့မှ နိုင်ငံရေးအမြတ်ထုတ်မယ့် အထဲမှာ မပါပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးကိုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလှုပ်ရှားမှုတွေက ကျနော်တို့နဲ့ မဆိုင်ပါဘူး။ အကယ်၍ လုပ်စရာရှိရင်လည်း ပြတ်ပြတ်သားသားနဲ့ ပေါ်ပေါ်တင်တင် လုပ်သွားမှာပါ။ နောက်ကွယ်ကတော့ ပံ့ပိုးစရာမရှိပါဘူး”လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ NVC ကတ်ကိစ္စ၊ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းလို့ ခေါ်တဲ့ကိစ္စ၊ လွတ်ငြိမ်းချမ်းသာပေးတဲ့ကိစ္စ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကိစ္စတွေနဲ့ အန်အယ်လ်ဒီ ပါတီအစိုးရလက်ထက် စီးပွားရေးအခြေအနေတွေကို ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013