DVB Logo
Home
မြန်မာသတင်း
မအင်္ဂါ ၂ ခု၊ စအို ၂ ခုဖြင့် မွေးလာသည့် ကလေးငယ် ဆေးကုသရန် ငွေကြေးအခက်ကြုံ
DVB
·
May 20, 2018
မအင်္ဂါ ၂ ခု၊ စအို ၂ ခုဖြင့် မွေးလာသည့် ကလေးငယ် ဆေးကုသရန် ငွေကြေးအခက်ကြုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှာ ကလးငယ်တဦးဟာ မင်္ဂါ ၂ ခု စအို ၂ ခုနဲ့ မွေးဖွားခဲ့တဲ့ ကလးငယ်ဟာ တနှစ်ကျော်တဲ့တိုင် ကျန်းမာရေး မကောင်းမွန်တာကြောင့် ဆေးကုသမှုခံယူဖို့ ငွေကြေးအခက်ခဲ ကြုံနေရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကလေးငယ်ကို မွေဖွားစဉ်မှာ အင်္ဂင်္ါ ၂ ခု၊ စအို ၂ ခုနဲ့ မွေးဖွားလာခဲ့ပြီး အစာဟောင်းစွန်ဖို့ အပေါက်မပါလာတာကြောင့် ရန်ကင်းဆေးရုံကို သွားရောက်ကုသခဲ့ရာ ဝမ်းဗိုက်မှ အပေါက်ဖောက် ကုသခဲ့ရကြောင်းနဲ့ ငွေကြေး အဆင်မပြေတာကြောင့် ဆက်လက်ကုသဖို့ အခက်ခံ ကြိုနေရာတာလို့ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်အေးက ပြောပါတယ်။
"အခုကလေးက တနှစ်နဲ့သုံးလရှိပြီ။ ကလေးနှစ်ရက်သားကတည်းက သွားရတာ။ ဆယ်ရက်သားလောက်မှာ ဖောက်ပေးတာ၊ ရန်ကင်းဆေးရုံမှာ။ အခုတစ်နှစ်ကျော်ပြီ ပြန်မပြဖြစ်ဘူး၊ ငွေကြေးအခက်အခဲကြောင့် မပြဖြစ်တာ" လို့ပြောပါတယ်။
အဒေါ်ဖြစ်သူ ဒေါ်နွယ်နီဝင်းက "အားဆေးဝယ်မတိုက်နိုင်တော့တဲ့အတွက် မိန်လာတာပေါ့။ အားနည်းလာတော့ သူ့အင်္ဂါလေးက ပြန်ထွက်လာတယ်။ သုံးလေးရက်လောက်ထွက်လာပြီးရင် မထွက်တော့ပြန်ဘူး။ ကလေးကိုတော့ ဆက်ပြီးကုချင်တာပေါ့၊ ငွေကြေးမတတ်နိုင်တော့ မကုဖြစ်ဘူး။ သူကို တိုက်ရတဲ့ အားဆေးကလည်း ဆေးရုံကတိုက်ခိုင်းတာပါ။ မိသားစုက ဆိုင်ကယ်ကယ်ရီ မောင်းစားရတာပါ။ စအိုကလည်း အပေါက်မပါတော့ အစာဟောင်းကို ဗိုက်ကပဲ ဖောက်ထုတ်ထားရတာပေါ့။ အဲနေရာကိုလည်း အခုအချိန်အထိ ဆေးအမြဲ လူးပေးရတယ်၊ ဂွမ်းတွေလဲပေးရပါတယ်။" လို့ ပြောပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013