
မွန်ပြည်နယ် ရေးမြို့နယ်မှာ အဆိပ်ချနည်းနဲ့ ကဏန်းဖမ်းဆီးနေတာကြောင့် ကဏန်းမျိုးသုဉ်းမှုအန္တရာယ်နဲ့ ကြုံတွေ့နေရပြီး မိရိုးဖလား ကဏန်းဖမ်းသူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
ကဏန်း ဖမ်းလုပ်ကိုင်သူ ဦးဝင်းနိုင်က “ကဏန်းဖမ်းတဲ့နေရာမှာ ချိတ်နဲ့ဖမ်းရတယ်။ အရင်တုန်းက ကဏန်းကောင်ရေ ရာဂဏန်းလောက်ရပေမယ့် အခုလူတွေက မျှောဆေး (အဆိပ်ချနည်း) နဲ့သာ ဖမ်းတဲ့နေရာမှာ ကဏန်းမျိုးတွေ ရှားပါးလာသလို ကဏန်းဖမ်းသမားအများစုဟာ တခြားအလုပ်မှာ သွားရောက်လုပ်ကိုင်ခဲ့ပြီး ကဏန်းဖမ်းဆီးလို့ မရတဲ့အခါ မိသားစုစားဝတ်နေရေးပါ အခက်ခဲတွေ ဖြစ်လာတယ်”လို့ ပြောပါတယ်။
ကဏန်းဖမ်းနေသူ ဒေါ်ဖြူက “အခုခေတ်လူတွေက မျှောဆေးနဲ့သာ ဖမ်းတဲ့နေရာမှာ ကဏန်းမျိုးသုဉ်းလာလို မိရိုးဖလာဖမ်းတဲ့သူတွေ အရင်လို ဖမ်းလို့မရဘူး။ ဆက်ပြီး ဖမ်းဆီးနေမယ်ဆိုရင် ကဏန်းကို မိရိုးဖလာ ဖမ်းသူတွေဟာ မိသားစုဝင်ငွေတွေ ဆက်လက်ထိခိုက်နေပါမယ်” လို့ ပြောပါတယ်။
ကဏန်းတွေကို မွေးမြူးရေးလုပ်မယ်ဆိုရင်မြေနေရာနဲ့ နည်းပညာပိုင်းလိုအပ်ပြီး အစိုးရ အနေနဲ့မြေနေရာနဲ့ နည်းပညာပံ့ပိုးခဲ့ရင် ဂဏန်းမွေးမြူးမယ့်သူတွေ စိတ်ဝင်စားလာပြီး ဒေသလုပ်ငန်းရှင်တွေမှာ ငါးဖမ်းလုပ်ငန်းကိုသာ လုပ်ကိုင်နေခဲ့ရတယ်။
ကဏန်းမွေးမြူးရေးလုပ်ငန်းကို ကူညီပံ့ပိုးပေးမယ်ဆိုရင် စိတ်ဝင်စားတဲ့သူတွေ များလာပါမယ်လို့ ရေလုပ်ငန်းရှင် အတွင်းရေးမှူးဦးဟိုယူက ပြောပါတယ်။
ဒေသပေါက်ဈေး ကဏန်းမှာ အရွယ်အစားပေါ်မူတည်ပြီး ၁ ပိဿာကို ၁၂၀၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ်အထိ ရရှိကာ ပင်လယ်စာတွေမှာ ဈေးကြီးပေးပြီးအဓိက ဟင်းလျာမှာ စားသုံးနေပါတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်











