DVB Logo
Home
မြန်မာသတင်း
သတင်းယူရာတွင် ပွင့်လင်းမြင်သာမှုမရှိ၍ ရွှေကျင်လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ
DVB
·
May 20, 2018
သတင်းယူရာတွင် ပွင့်လင်းမြင်သာမှုမရှိ၍ ရွှေကျင်လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ
Donate to DVB

 

သတင်းရယူရမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်ကို ဒီနေ့မနက်ပိုင်းက တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးရဲထွဋ်အောင်ကို မြေရာကိစ္စတခုနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စား ဒေါ်လှလှဝင်း ကိုယ်တိုင်လက်မှတ်ရေးထိုး တိုင်ကြားတဲ့အပေါ် သတင်းသမားက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သတင်းမီဒီယာသမားတွေနဲ့ စကားမပြောဘူးလို့ ဆုံးဖြတ်ထားကြောင်း ပြန်လည်ပြောဆိုတဲ့အတွက် ကျေနပ်မှု မရှိလို့ အခုလို တကိုယ်တော် ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြသူ ဦးရန်နိုင်အောင် (Bago Weekly- အယ်ဒီတာ) က ပြောပါတယ်။

“ဒီလထဲမှာ ဖုန်းနဲ့ သူ့ကို ဆက်သွယ်မေးမြန်းတယ်။ သူကိုယ်တိုင် လက်မှတ်ရေးထိုး တိုင်ကြားထားတဲ့အပေါ် ပြန်လည်ဖြေကြားတာဟာ ကြောင်းကျိုး ညီညွတ်အောင် ပြန်လည်ဖြေကြားတာမရှိဘဲ မီဒီယာတွေနဲ့ စကားမပြောဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒီကိစ္စ ကျမ မသိဘူးလို့ပြောပြီး ဖုန်းကို ချက်ချင်းချသွားတယ်။ ဒီလိုလုပ်တာဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်ပြီး သူကိုယ်တိုင် တိုင်ကြားထားတာ။ မီဒီယာတွေနဲ့ စကားမပြောဘူးဆိုတဲ့ စကားဟာ ပြည်သူ့အသံကို ပိတ်ပင်တာလို့ မြင်လို့ ဆန္ဒပြရတာ။”

အခုလို ဆန္ဒပြခံရတဲ့အပေါ် ဒေါ်လှလှဝင်းက “သူဆန္ဒပြတာတွေက အန်တီအတွက်က မှန်ကန်နေတယ်ဆိုရင်တော့ ဒါမှန်ကန်တဲ့အတိုင်းပေါ့၊ မမှန်ကန်ဘူးဆိုရင်တော့ အန်တီက လည်း တရားဥပဒေအတိုင်း ဆက်သွားမယ်။ အန်တီမှာ ရှေ့ဆက်ဖြေစရာအကြောင်းလည်း မရှိဘူး။ ဒီဥစ္စာ အန်တီအမှန်တိုင်းဖြေတာပဲ။ သူပြောသွားတယ်၊ စွပ်စွဲသွားတာတွေက မှန်လို့ရှိရင်တော့ ဒါအန်တီနဲ့ သူနဲ့ ဖြေရှင်းမှာပေါ့လေ။ တကယ်လို့ မမှန်ကန်ဘူးဆိုရင်တော့ တရားဥပဒေအတိုင်း ဆက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ရွှေကျင်မြို့နယ်မှာ လွှတ်တော်ကိုယ်စာလှယ်ကို အခုလို ဆန္ဒပြတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းအား ရှုတ်ချပွဲ စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင်ဆန္ဒပြခဲ့တာပါ။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013