DVB Logo
Home
မြန်မာသတင်း
ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေး မန္တလေးမြို့တွင် သရက်သီးဈေးရောင်းပွဲတော် ကျင်းပ
DVB
·
May 20, 2018
ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေး မန္တလေးမြို့တွင် သရက်သီးဈေးရောင်းပွဲတော် ကျင်းပ
1 / 11
Donate to DVB

 

မြန်မာနိုင်ငံက ထွက်ရှိတဲ့ သရက်သီးတွေကို ပြည်ပဈေးကွက်ထိုးဖောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး မန္တလေးမှာ ပထမဆုံးအကြိမ် သရက်သီးဈေးရောင်းပွဲတော်ကို ဒီနေ့ မနက်ပိုင်းက ကျင်းပလုပ်နေပါတယ်။

နိုင်ငံတကာဈေးကွက်ရရှိဖို့ သရက်သီးဈေးရောင်းပွဲ ကျင်းပတာလို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ စိုက်ပျိုးနေတဲ့ သရက်မျိုးတွေမှာ မျိုးပေါင်း ၁၀၀ ကျော်ရှိပါတယ်။ လက်ရှိ ဈေးကွက်ထဲ ရရှိနေတာကတော့ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မြကျောက်၊ ပတ္တမြားငမောက် သရက်သီးတွေကို Export ပြည်ပနိုင်ငံတွေဆီ တင်ပို့ရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ သရက်သီးစိုက်ပျိုးဧက တိုးလာပြီး ပြည်တွင်းကနေထွက်ရှိတဲ့ သရက်သီးမှာ နိုင်ငံတကာ အဆင့်အတန်းမီလာတယ်လို့ သိရှိရပါတယ်။

သရက်သီးဈေးရောင်းပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရား နေရာမှာ ကျင်းပတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013