DVB Logo
Home
မြန်မာသတင်း
မြင်းခြံ စံပြ​ဈေးမှ အနံ့ဆိုး​များ​ကြောင့် ကျန်းမာရေးထိခိုက်မည်ကို ရပ်ကွက်နေသူများ စိုးရိမ်နေ
DVB
·
May 20, 2018
မြင်းခြံ စံပြ​ဈေးမှ အနံ့ဆိုး​များ​ကြောင့် ကျန်းမာရေးထိခိုက်မည်ကို ရပ်ကွက်နေသူများ စိုးရိမ်နေ
Donate to DVB

 

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ရှိ ​အမှတ်​ ၁၆ ရပ်​ကွက်​ရှိ စံပြ​ဈေးက ထွက်​ရှိတဲ့ စွန့်​ပစ်​ပစ္စည်း​တွေရဲ့ အနံ့အသက်​ဆိုး​တွေ​ကြောင့်​ ရပ်​ကွက်​​နေပြည်​သူ​တွေ ကျန်းမာ​ရေးထိခိုက်​လာမှာကို စိုးရိမ်း​နေတယ်​လို့ သိရပါတယ်။

အမှတ်​ ၁၆ ရပ်​ကွက်​ စံပြ​ဈေးအနီး​ ​နေထိုင်​သူ ​ဒေါ်ဖြူ ​က “ဒီရပ်​ကွက်​ ​ဈေးအနီး ​နေထိုင်​သူအားလုံးက အပုပ်နံ့ ဆိုးဆိုးဝါးဝါးကို ​နေ့စဉ်​ခံစား​နေရတာပါ။ အသက်​ကြီးတဲ့သူ​တွေနဲ့ က​လေးသူငယ်​​တွေဟာ ​အော့အန်​တာ​တွေ၊ မူး​ဝေတာ​တွေ အမြဲဖြစ်​​နေကြတာ။ မိုးရာသီဆို ​ရေထွက်​​ပေါက်​ကမရှိ​တော့ ပိုပြီး အပုပ်​နံ့က ဆိုးဝါးပါတယ်​။ ခုဆို ကျန်းမာ​ရေး​တွေပါ ထိခိုက်​လာ​နေကြတယ်​။ ပြီး​တော့ လမ်းသွားလမ်းလာ​တွေဆို နှာ​ခေါင်းပိတ်​ပြီး သွားလာကြတယ်​။ ဒီကိစ္စနဲ့ ပတ်​သက်ပြီး ဈေးရဲ့ တာဝန်​ရှိတဲ့သူ​တွေကို အကြိမ်​ကြိမ်​ ​ပြောပေမယ့် ဘာတ​ခုမှ ​ဆောင်​ရွက်​​ပေးတာမျိုး မရှိပါဘူး” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

စံပြ​ဈေး​ခေါင်းဖြစ်​သူ ဦး​အောင်​လွင်​ က “ကျ​နော်​တို့ ​ဈေးကို စစ်​​ဆေးတဲ့အခါ​တော့ အနံ့ နံတာ မရှိပါဘူး။ သား/ငါး သည်​​တွေ စွန့်​ပစ်​ဖို့အတွက်​ ​မြေကျင်းလုပ်​​ပေးထားတာရှိပါတယ်​။ အနံ့​ပျောက်​​ဆေးလည်း မကြာခဏ ထည့်ပါတယ်​။ ပြီး​တော့ ဝန်​ထမ်းအင်​အားက ၂ ​ယောက်​ပဲရှိတာဆို​တော့ အမြဲတမ်း​တော့ မလုပ်​နိုင်​ဘူး​ပေါ့၊ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး စည်​ပင်​ကို တင်​ပြပြီး ညွန်​ကြားချက်​အတိုင်း လုပ်​​ဆောင်​သွားမှာပါ” လို့ ပြောပါတယ်။

မြင်းခြံရှိ စံပြ​ဈေးဟာ ​နေ့စဉ်​ဖွင့်​လှစ်​​ရောင်းချတာဖြစ်​ပြီး အဓိက သား/ငါး နဲ့ ကုန်​စိမ်း စတာ​တွေကိုတော့ ​နေ့တဝက်​ပိုင်းသာ ​ရောင်းချကြတာလည်း ဖြစ်​ပါတယ်​။

မြင်းခြံ စည်​ပင်​သာယာမှ ဒု ဦးစီးမှူး ​ဒေါ်​အေး​အေးမြင့်က “ကျမတို့ ​ဈေးကို ​နေ့စဉ်​ အနံ့အသက်​​ပျောက်​​ဆေး​တွေ အသုံးပြုပါတယ်​။ အသား / ငါး မှ ထွက်​ရှိတဲ့ အရည်​​တွေကိုလည်း စနစ်​တကျ စွန့်​ပစ်​ဖို့ ညွန်​ကြားထားတာ​တွေရှိပါတယ်​။ လိုအပ်​တာ​တွေ အထက်​ကိုတင်​ပြပြီး ဆက်​လက်​​ဆောင်​ရွက်​သွား မှာပါ” လို့ ​ပြောပါတယ်​။

“ဒီ​ဈေးက မိုးရာသီဆိုရင်​ အလွန်​ညစ်​ပတ်​ပါတယ်​။ သွားလာလို့ကို မရဘူး။ ပြီး​တော့ အပုပ်နံ့​တွေက ​နေ့စဉ်​ခံစားရတယ်​။ ဒီအနံ့သက်​​တွေ​ကြောင့် စိတ်​အ​နှောင့်​အယှက်​ ဖြစ်​ရတာ​ပေါ့။ ပြီး​တော့ အသက်​ရှူမဝတာ​တွေ ခံစားရတယ်​။ ​ဈေးပတ်​ဝန်းကျင်​မှာ​နေတဲ့ ပြည်​သူ​တွေ ကျန်းမာ​ရေးထိခိုက်​လာမှာ စိုးရိမ်​ရတဲ့အတွက်​ သက်​ဆိုင်​ရာ တာဝန်​ရှိတဲ့သူ​တွေက ​သေချာစိစစ်​ပြီး စည်းကမ်းတကျ ​ဆောင်​ရွက်​​ပေး​စေချင်​ပါတယ်” ​လို့. ​ဈေးဝယ်​လာသူ ကို​နောင်​ဟိန်းထက်​ က ​ပြောပါတယ်​။

မြင်းခြံ စံပြ​ဈေးဟာ ​ဈေးဆိုင်​ခန်း​ပေါင်း ၂၃၆ ခန်းရှိပြီး၊ ​ဆိုင်​ခန်းအမျိုးအစားလိုက်​ ဆိုင်​ခွန်​ကို လစဉ်​ ​ငွေကျပ်​ ၁၅၀၀၊ ၂၀၀၀၊ ၂၄၀၀ ကျပ်​ လစဉ်​ ​ကောက်​ခံခဲ့ပြီး ပြန်​ကျ​ဈေး​ရောင်းချသူ ၃၀၀ ​ကျော်​ရှိကာ၊ ပြန်​ကျ​ဈေးသည်​တဦးကို ၄ ​ပေ ပတ်​လည်​ ​မြေ​နေရာကို ​နေ့စဉ်​ ​​ရောင်းချခွင့် ၁၅၀ ကျပ်​ ​ပေး​ဆောင်​ပြီး ​ရောင်းချရတာလည်း ဖြစ်​ပါတယ်​။

မင်းခြံမြို့မှာ မြို့မ​ဈေး၊ ​အေးမြသီတာ​ဈေးနဲ့ စံပြ​ဈေး ဆိုပြီး ​ဈေး ၃ ​ဈေး ရှိတာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013