DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံဘုရား ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ရ
DVB
·
May 20, 2018
ရွှေတိဂုံဘုရား ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ရ
Donate to DVB

 

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေတဲ့ လူ ၁၇ ဦးကို ကယ်ထုတ်ခဲ့ရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

မေ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ဓာတ်လှေကားမောင်းသူ အပါအဝင် လူ ၁၇ ဦး ဓာတ်လှေကားအတွင်း ၁ နာရီကျော်ကြာ ပိတ်မိနေခဲ့တာကြောင့် ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ အရှေ့ဘက်မုခ် ဓာတ်လှေကားအတက် (ညာဘက်ခြမ်း) မှာ ဓာတ် လှေကားမောင်းသူ အပါအဝင် ကျား ၅ ဦး၊ မ ၉ ဦးနဲ့ ကလေး ၂ ဦး သယ်ဆောင်ပြီး အပေါ်တက်ရာ ရောက်ခါနီး ၁၅ ပေအလိုမှာ လျှပ်စစ်ဗို့အား မီးဖြတ်တောက်မှုကြောင့် ရုတ်တရက်စက်ချွတ်ယွင်း ရပ်တန့်သွားတာ ဖြစ်ပါတယ်။

အပေါ်ကနေ ဓာတ်လှေကားအမိုးပေါ် ကြိုးနဲ့ဆင်း အမိုးကိုဖွင့်ပြီး လှေကားနဲ့အထဲက ဘုရားဖူးခရီးသည်တွေကို ကယ်ထုတ်ခဲ့ရပြီး ၉ နာရီ ၁၅ မိနစ်မှာ ပိတ်မိနေတဲ့သူတွေအားလုံး အပေါ်ရောက်ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိတဲ့သူတွေတော့ မရှိပါကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013