DVB Logo
Home
မြန်မာသတင်း
စကုမြို့တွင် အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုများ စိုက်ထူမည်
DVB
·
May 20, 2018
စကုမြို့တွင် အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုများ စိုက်ထူမည်
1 / 5
Donate to DVB

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး-စကုကားလမ်းမကြီးဘေး စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်ကွင်းရင်ပြင်မှာ စိုက်ထူမယ့် အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုတွေကို ဇွန်လမှာ အပ်နှံနိုင်ဖို့ အချောကိုင်နေတယ်လို့  ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်မိုးက ပြောပါတယ်။

ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်မိုးက အာဇာနည် ၉ ဦး ပုံတူကြေးရုပ်တုတွေကို တာဝန်ယူထုလုပ်နေတာဖြစ်ပြီး ပုံတူကြေးရုပ်ထုတွေ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင် ပြုလုပ်ခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုက ကြေးပိဿာချိန် ၅၀ ကျော် အသုံးပြုထားပြီး အမြင့် ၃ ပေရှိပါတယ်။ ကျန်အာဇာနည် ၈ ဦးရဲ့ ပုံတူကြေးရုပ်တုတခုကို ကြေး ၁၅ ပိဿာစီ အသုံးပြုထားပြီး အမြင့် ၂ ပေစီ ရှိတယ်လို့ သိရပါတယ်။

အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုတွေကို စုစုပေါင်း ကြေးပိဿာချိန် ၁၇၀ ပိဿာ ကျော် အသုံးပြုထားပြီး ကုန်ကျစရိတ် ၁၉၅ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ် အာဇာနည်နေ့မှာ မင်းဘူးမြို့ခံ ပြည်သူတွေ အာဇာနည် ၉ ဦးကို ဂုဏ်ပြုအလေးပြုနိုင်ဖို့ စကုမြို့ အာဇာနည် ကျောက်တိုင်ကွင်း ရင်ပြင်မှာ အာဇာနည် ၉ ဦး ပုံတူကြေးရုပ်တုတွေကို အာဇာနည်နေ့မတိုင်မီ အပြီးစိုက်ထူ သွားမယ်လို့ သိရပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013