DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ခြမ်း မှိုသွားခူးသည့် ထိုင်းကလေးတဦး  မြေမြှုပ်မိုင်းနင်းမိ သေဆုံး
DVB
·
May 20, 2018
မြန်မာဘက်ခြမ်း မှိုသွားခူးသည့် ထိုင်းကလေးတဦး  မြေမြှုပ်မိုင်းနင်းမိ သေဆုံး
Donate to DVB

မြန်မာနိုင်ငံဘက်ခြမ်းမှာ မှိုသွားခူးတဲ့ ကလေးတွေ မေလ ၁၉ ရက်နေ့ မနက်က မြေမြှုပ်မိုင်း နင်းမိပြီး အသက် ၈ နှစ်အရွယ် ထိုင်း ယောက်ကျားလေတဦး သေဆုံးကာ ၁၃ နှစ်အရွယ် မြန်မာယောက်ျားလေးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတာက တာ့ခ်ခရိုင်မြောက်ပိုင်း ဖုတ်ဖရစီရင်စုနဲ့ မျက်နှာချင်းဆိုင် နယ်စပ်နားမှာ ဖြစ်ခဲ့တာလို့ သိရပြီး ဒီမိုင်းတွေက နိုင်ငံ ၂ ခုအကြား ထိပ်တိုက်မတွေ့အောင် သတ်မှတ်ထားတဲ့ ကြားခံနယ်မြေမှာပါ။

သေဆုံးသူနဲ့ ဒဏ်ရာရသူ ယောက်ကျားကလေး ၂ ယောက်က မှိုဈေးကောင်းနဲ့ ရောင်းဖို့ နယ်စပ်တောလမ်းကို ဖြတ်ပြီး မှိုခူးဖို့ သွားတဲ့ လူ ၁၂ ယောက်အုပ်စုထဲက ဖြစ်ပြီး သူတို့တွေက နယ်စပ်ကနေ မြဝတီခရိုင်မှာရှိတဲ့ ရွာတရွာဆီရောက်ဖို့ ၂၀ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတာလို့ ရဲကပြောပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် လယ်တောထဲက ထရပ်ကားနဲ့ ကလေး ၂ ဦးကို ထိုင်းနယ်စပ်ဆီ ခေါ်လာပြီး ဖုတ်ဖရဆေးရိုကို အမြန်ပို့ခဲ့ပေမယ့် မဲ့ဟိုခူရွာမှာနေထိုင်တဲ့ အသက် ၈ နှစ်အရွယ် ပိုလာဝက်ချုံဆဲန်ထာဒမ်ဆိုတဲ့ ကလေးက ရောက်ပြီးမကြာခင်မှာပဲ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး နာမည်မဖော်တဲ့ အသက် ၁၃ နှစ်အရွယ် မြန်မာကလေးကတော့ ခြေထောက်တွေနဲ့ ဦးခေါင်းမှာ ဒဏ်ရာတယ်လို့ သိရပါတယ်။

တောထဲမှာ မြေမြှုပ်မိုင်းတွေ ရှိတတ်လို့ နယ်စပ်ကိုဖြတ်ပြီး တောထဲမသွားဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးထားတယ်လို့ ခေါင်ဆော့ဒ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကေဘီအေ၊ ကေအန်ယူအဖွဲ့တွေ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက အဲ့ဒီဒေသတွေမှာ ငြိမ်းချမ်းရေး ရခဲ့ပေမယ့် အခြားခွဲထွက် အုပ်စုငယ်လေးတွေရဲ့ ပုံမှန်လိုမဟုတ်တဲ့ တိုက်ပွဲတွေတော့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013