DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ဇနီးဖြစ်သူ တိုင်ကြားထားသည့်စာ မရောက်ဟုဆို
DVB
·
May 20, 2018
ဒုရဲမှူးဟောင်းမိုးရန်နိုင်၏ ဇနီးဖြစ်သူ တိုင်ကြားထားသည့်စာ မရောက်ဟုဆို
Donate to DVB

 

ဒုရဲမှူးဟောင်းမိုးရန်နိုင်ရဲ့ဇနီးက ရဲချုပ်အောင်ဝင်းဦးအပါအ၀င် လျှို့ဝှက်စာတမ်း အမှန်တကယ်ပေးသူတွေကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ပြန်လည်အရေးယူပေးဖို့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို တိုင်ကြားထားတယ်လို့ သတင်းထွက်နေပေမယ့် တိုင်စာမရောက်သေးဘူးလို့ အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ဇနီး ဒေါ်တူးတူးက ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌကို မြန်မာနိုင်ငံရဲချုပ်နဲ့ ရဲမှူးချုပ်တင်ကိုကို အပါအ၀င် လျှို့ဝှက်စာရွက်စာတမ်း ပေးသူတွေကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့အရေးယူပေးရေး အပါအ၀င် အချက် (၇) ချက်ပါတဲ့ တိုင်ကြားစာရေးပြီး တိုင်ကြားခဲ့တာလို့ သတင်းတွေထွက်နေတာပါ။

အဲဒီအပေါ် တိုင်ကြားစာရောက်မရောက် ဒီဗွီဘီသတင်းဋ္ဌာနက မေ ၂၀ ရက်နေ့မှာ မေးမြန်တဲ့အပေါ် “အဲဒါတော့ ကျနော့်ဆီမှာတော့ ကျနော် မတွေ့သေးဘူးဗျ။ ရောက် မရောက်မသိဘူး။ ကျနော်လောလောဆယ် ရန်ကုန်မှာလေ။ ကျနော် ပြီးခဲ့တဲ့ ၂ ရက်ကတော့ နေပြည်တော်မှာရှိတော့ ကျနော်တို့ဆီတော့ မရောက်သေးဘူး။ ကျနော့်ဆီမှာတော့ မရှိသေးဘူးနော်” လို့ ဦးဉာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦး အဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထောက် တွေကို စာရွက်စာတမ်းပေးတဲ့အတွက် ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီးခင်မောင်လင်းကို ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒုရဲမှူးဟောင်းမိုးရန်နိုင်က သတင်းထောက် ၂ ဦးကို စာရွက်စာတမ်းပေးတာသူမဟုတ်ကြောင်းနဲ့ ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် ရဲတပ်ကြပ်နိုင်လင်း ကို တာဝန်ပေးအပ်တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အပြစ်မရှိဘူးလို့လည်း တိုင်ကြားစာမှာ ပြောဆိုထားပါတယ်။

အဲဒီအပေါ် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူလို့မရတော့ဘဲ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ်ချခဲ့တာကြောင့် လျှို့ဝှက် စာရွက်စာတမ်းပေးသူတွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပြန်လည်အရေးယူပေးဖို့ တိုင်ကြားစာမှာ ဖော်ပြထားတာပါ။

အဲဒီတိုင်ကြားစာနဲ့ပတ်သက်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ဇနီး ဒေါ်တူးတူးက တိုင်ကြားစာကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့လောက်က ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေ အထောက်အကူ ပေးရေးအဖွဲ့ကို တိုင်ကြားခဲ့တာလို့ ဒီဗွီဘီသတင်းဌာနကိုပြောပါတယ်။

တိုင်ကြားစာ မရောက်သေးတဲ့အပေါ် ထပ်ပို့သွားမှာဖြစ်ပြီး နိုင်ငံတော်သမ္မတအထိ တိုင်ကြားသွားမယ်လို့ ဒေါ်တူးတူးက ဖုန်းကနေ ဆက်သွယ်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013