DVB Logo
Home
မြန်မာသတင်း
မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်း တနေ့ စည် ၁၀၀ ထွက်ရှိနေ
DVB
·
May 19, 2018
မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်း တနေ့ စည် ၁၀၀ ထွက်ရှိနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်းတစ်နေ့ စည် ၁ဝဝ စတင်ထွက်ရှိနေပြီလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် မြန်အောင် ရေနံမြေ တွင်းအမှတ် ၁၇၂ မှ မေ ၁ဝ ရက်မှာ ရေနံစိမ်းတစ်နေ့ စည် ၁ဝဝ နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁၉ ကုဗပေသန်း စတင်ထုတ်ယူနေပြီလို့ ဆိုပါတယ်။

မြန်အောင်ရေနံမြေမှာ ရေနံတွင်းပေါင်း ၁၇၃ တွင်းရှိကာ လက်ရှိ ရေနံတွင်း ၁၂ တွင်းမှ ရေနံစိမ်း ၂၇ စည်နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁ ကုဗပေသန်း ထုတ်ယူနေပြီး ယခု တွင်းအမှတ် ၁၇၂ ကနေ ရေနံစိမ်းစည် ၁ဝဝ နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁၉ ကုဗပေသန်း စတင်ထွက်ရှိခဲ့လို့ တနေ့ကို ရေနံစိမ်း ၁၂၇ စည်နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၂၉ ကုဗပေသန်း ထုတ်လုပ်နိုင်ပြီလို့ မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းကပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ မြန်အောင်ရေနံမြေကို ၁၉၆၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅ဝ ကျော်သက်တမ်းရှိသော ရေနံမြေဖြစ်ပါတယ်။ ရေနံမြေဧရိယာမှာ အလျား ၅ မိုင်၊ အနံ ၁ ဒသမ ၅ မိုင် ကျယ်ဝန်းပြီး မိုင်အိုဆင်း သက်တမ်းရှိသော ကျောက်လွှာတွေအတွင်းရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို သဲကြောတွေကနေ ထုတ်ယူရရှိနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013