DVB Logo
Home
မြန်မာသတင်း
ပိတ်မိပြည်သူများကို သွားတွေ့မည့်ခရီးစဉ် ကချင်လူငယ်များ လိုက်ပါခွင့် ပိတ်ပင်ခံရ
DVB
·
May 19, 2018
ပိတ်မိပြည်သူများကို သွားတွေ့မည့်ခရီးစဉ် ကချင်လူငယ်များ လိုက်ပါခွင့် ပိတ်ပင်ခံရ
Donate to DVB

ကချင်ပြည်နယ်အစိုးရက စီစဉ်တဲ့ အင်ဂျန်းယန်မြို့နယ်က စစ်ဘေးရှောင်းပြည်သူတွေကို သွားရောက်တွေ့ဆုံမယ့် ခရီးစဉ်မှာ ကချင်လူငယ်အဖွဲ့တွေကို အစပိုင်းက လိုက်ပါခွင့်ပြုခဲ့ပေမယ့် အင်ဂျန်းယန်မြို့နယ်ကို ကူးမယ့် ဂွေထော်ကျေးရွာ ကူးတို့ဆိပ် အရောက်မှာတော့ အာဏာပိုင်တွေက ဆက်မလိုက်တော့ဖို့ တားဆီးပိတ်ပင်ခဲ့ပါတယ်။

ကချင်လူငယ်ထုလှုပ်ရှားမှုကော်မတီက တာဝန်ခံ မဆွတ်ဆိုင်းထွယ်က ပြည်နယ်အစိုးရ အနေနဲ့ ကချင်လူငယ်တွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ခရီးစဉ်အစပိုင်းမှာ လိုက်ပါခိုင်းပေမယ့် လမ်းတ၀က်ရောက်မှ တားဆီးပိတ်ပင်တာတွေဟာ မဖြစ်သင့်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“အင်ဂျန်းယန်ဘက်ကလူတွေ မေးတာမြန်းတာတွေမလုပ်စေချင်တဲ့သဘောရှိတယ်။ ဓာတ်ပုံတွေဘာတွေ မရိုက်စေချင်တာကြောင့်လို့လည်းပြောတယ်။ ဒါပေမယ့် မလိုက်ဖို့ ဘယ်သူက ညွှန်ကြားလဲဆိုတာတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မပြောဘူး”လို့ သူက ဆိုပါတယ်။

အင်ဂျန်းယန်ခရီးစဉ်ကို လိုက်ပါဖို့ သတင်းမီဒီယာအဖွဲ့တွေလည်း ခရီးစဉ်အစပိုင်းမှာ လိုက်ပါခဲ့ကြပေမယ့် နောင်နန်းရပ်ကွက်အရောက်မှာတော့ လိုက်ဖို့မဖြစ်နိုင်တော့ဘူးဆိုပြီး အာဏာပိုင်တွေဘက်က ပိတ်ပင်ခဲ့ရပါတယ်။

သတင်းမီဒီယာအဖွဲ့တွေနဲ့ ကချင်လူငယ်တွေ လိုက်ပါဖို့ပိတ်ပင်ခံရတာကြောင့် လိုက်ပါသွားတဲ့သူတွေထဲမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ယောက်ပဲ ရှိတော့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013