
ရန်ကုန်မှာလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲမှာ သတင်းထောက်တွေကို အရပ်ဝတ်နဲ့လူတွေက ခြိမ်းခြောက် အကြမ်းဖက်ရန်ပြုတာကို ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဆက်လက်ပေးပို့သွားမယ်လို့ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ပါတယ်။
မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်မှာ သတင်းရယူနေတဲ့ မီဒီယာတွေကို အရပ်ဝတ်တချို့က ခြိမ်းခြောက်၊ အကြမ်းဖက်၊ ရန်ပြုတာတွေ လုပ်တာကို သိရှိရတဲ့အကြောင်း၊ သတင်းမီဒီယာ ဥပဒေအရ သတင်းသမားတွေကို အကာအကွယ်ပေးရမယ်ဆိုပေမယ့် အဲဒီဖြစ်စဉ်မှာ သတင်းသမားတွေ ခြိမ်းခြောက်ခံနေရတာကို ရဲတပ်ဖွဲ့ဝင်တွေကလည်း အကာအကွယ်မပေးခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေကို လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ပွဲတွေရပ်ဖို့၊ စစ်ပွဲတွေကြား ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့ စတာတွေကို တောင်းဆိုတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေကို မြို့တော်တော်များများမှာ ပြုလုပ်ခဲ့ပြီး ဦးဆောင်သူတွေဟာလည်း တရားစွဲဆိုခံနေရပါတယ်။










