DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆက်ကူညီမည်ဟု ယူအက်စ်အေ့ဒ်ပြော
DVB
·
May 19, 2018
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆက်ကူညီမည်ဟု ယူအက်စ်အေ့ဒ်ပြော
Donate to DVB

မြန်မာနိုင်ငံအတွက် ကတိပေးထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်ကူညီသွားမယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ယူအက်စ်အေ့ဒ် အကြီးအကဲ မာ့ခ် ဂရင်းန်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်အရေးဟာ အကျပ်အတည်းတခု ဖြစ်နေပေမယ့် အကူအညီတွေကို နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ မာ့ခ်ဂရင်းန်ဟာ ရန်ကုန်မှာရှိတဲ့ အမေရိကန်စင်တာမှာ မေလ ၁၈ ရက်က မီဒီယာနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ဆွေးနွေးညှိနှိုင်းမှုတွေကို ယုံကြည်ထားကြောင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေရဲ့ အရေးကြီးပုံတွေကို ယုံကြည်ထားကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

စိန်ခေါ်မှုတွေ ရှိနေတဲ့အချိန်မှာ နောက်ပြန်ဆုတ်လိုက်တာဟာ ပိုကောင်းသွားမယ်လို့ မယုံကြည်ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရနဲ့လည်း တိုက်ရိုက် စကားပြောဆိုထားပြီး အဲဒီစီမံကိန်းတွေကို လုပ်ဆောင်နိုင်ဖို့လည်း စိတ်အားထက်သန်နေပါကြောင်းနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေ အများကြီးရှိတယ်လို့ သူတို့ယုံကြည်ထားကြောင်းလည်း ပြောသွားပါတယ်။

ကောင်းမွန်တဲ့လုပ်ငန်းတွေ၊ ကြီးမားတဲ့လုပ်ငန်းတွေကို ဒီမှာ ပိုပြီးလုပ်ဆောင်ချင်ပါတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ နုနယ်သေးတဲ့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ယူဆထားပြီး ဒုက္ခသည်အကျပ်အတည်းက ဒီလုပ်ငန်းမှာ အတားအဆီးတခု ဖြစ်နေပေမယ့် ရေရှည်မှာတော့ ဒီအတားအဆီးကို ဖြေရှင်းနိုင်သွားမယ်လို့ ပြောသွားပါတယ်။

အမေရိကန်အစိုးရရဲ့ အကူအညီပေးရေးဆိုင်ရာ ယူအက်စ်အေ့ဒ်ရဲ့ အကြီးအကဲ မာ့ခ်ဂရင်းဟာ မြန်မာနိုင်ငံကို မေ ၁၈ ရက်က ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

မာ့ခ်ဂရင်းဟာ မြန်မာနိုင်ငံကို မလာရောက်ခင် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာ သူ့အနေနဲ့ လူနည်းစုမွတ်ဆလင်တွေကို အကြမ်းဖက်မှု ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်သားတွေနဲ့ မီဒီယာတွေကို မြန်မာနိုင်ငံတွင်း အဆီးအတားမရှိ သွားခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဂရင်းန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတင်း ဒုက္ခသည်စခန်းတွေ ကို သွားရောက်ခဲ့ပြီးမှ မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။ သူနဲ့ တခြား အမေရိကန်အရာရှိတွေဟာ ဒုက္ခသည်တွေရဲ့ အပြန်ခရီးဟာ ဂုဏ်သိက္ခာရှိရှိ၊ ဆန္ဒအလျောက် ဖြစ်သင့်ပြီး ဘေးကင်းလုံခြုံရေးကို အာမခံပေးနိုင်ရမယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013