DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ် ကျေးရာများတွင် သွားနှင့်ခံတွင်း ကွင်းဆင်းကုသပေးနေ
DVB
·
May 19, 2018
မြင်းခြံမြို့နယ် ကျေးရာများတွင် သွားနှင့်ခံတွင်း ကွင်းဆင်းကုသပေးနေ
Donate to DVB

ကျန်းမာရေးဦးစီးဌာနက မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ​တွေကို သွားရောက်ပြီး သွားနဲ့ခံတွင်း ကျန်းမာ​ရေး ကွင်းဆင်းကုသ​ပေး​နေပါတယ်။

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင် ​ပြည်​သူ့ကျန်းမာ​ရေးဦးစီးဌာနနဲ့ မြန်​မာနိုင်​ငံ သွားနှင့် ခံတွင်း ဆရာဝန်​များအသင်း (မြင်းခြံ) တို့ ပူး​ပေါင်းပြီး မေ ၁၈ ရက်​​နေ့က မြင်းခြံမြို့နယ်​ရှိ နယ်​ခြား​ကျေးရွာမှာ ပညာ​ပေးအစီအစဉ်​နဲ့အတူ ကုသ​ပေးနေတာပါ။

မြင်းခြံခရိုင်​ ပြည်​သူ့ကျန်းမာ​ရေးဦးစီးဌာန (ဦးစီးအရာရှိ သွား / ကျန်းမာ) မှ ​ဒေါက်​တာမျိုး​ဇော်​ခန့်​က "ကျ​နော်​တို့ ခရိုင်​ကျန်းမာ​ရေးအ​နေနဲ့ ခုလိုမျိုး ​ကျေးရွာ​တွေကို ကွင်းဆင်းကုသေ​ပးတာ ဒါက ပထမဆုံး အကြိမ်​ဖြစ်​ပါတယ်​၊ သွားနဲ့ ခံတွင်း​ရောဂါ​​တွေက ​ကျေးရွာ​တွေမှာ ပိုပြီးအဖြစ်​များကြတယ်​။ ခုလိုကွင်းဆင်းပြီး ကုသ​ပေးတဲ့အခါ ပြည်​သူ​တွေ သိ​အောင်​လို့ ပညာ​ပေး​ဟော​ပြောပွဲ အစီအစဉ်​​တွေပါ ​ဟော​ပြော​ပေးတယ်။ သွား နဲ့ ခံတွင်းမှ မဟုတ်​ပါဘူး၊ ကျေးရွာ​တွေမှာ​တော့ အခြား ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု​တွေလည်း အမြဲလိုအပ်​​နေတာပါ၊ ကျ​နော်​တို့ သွား/ကျန်းမာ အ​နေနဲ့က တစ်​လ ၁ ကြိမ်​ မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ​တွေကို သွား​ရောက်​ကုသ​ပေးဖို့ ရှိပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

နယ်​ခြား​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးဝင်း​အေးက "ကျ​နော်​တို့​ကျေးရွာကို ခုလိုလာပြီး ကုသ​ပေးတာ ပထမဆုံးအကြိမ်​ပါ။ ပြီး​တော့ ရွာမှာ သက်​ကြီး ရွယ်​အို​တွေ အများကြီး ​ရောဂါခံစား​နေရတာ​တွေ ရှိပါတယ်​။ တချို့က မြို့ကိုသွားပြီး ​ဆေးကုသမှု မခံယူနိုင်​ဘူး၊ ပြီး​တော့ ရာသီဥတု အ​ပြောင်းအလဲ​ကြောင့် ဖျားနာတဲ့သူ​တွေ အများကြီးရှိကြတယ်​။ ရွာမှာ ​သွေးလွန်​တုပ်ေ​ကွေးဖြစ်​တဲ့ က​လေးပါရှိတယ်​။ ဟိုအရင်​က ရွာမှာ ​ဆေးခန်းရှိတယ်​၊ ခု​နောက်​ပိုင်း ​ဆေးခန်း​ရော ဆရာမပါ မရှိ​တော့ဘူး။ ပြီး​တော့ ​ကျေးရွာ​တွေကို အ​ထွေ​ထွေ​ရောဂါကုသတဲ့ ဆရာဝန်​​တွေပါ ကွင်းဆင်းကုသ​ပေးနိုင်​ရင်​​တော့ ပို​ကောင်းတာ​ပေါ့” လို့ ပြောပါတယ်။

မြန်​မာနိုင်​ငံ သွားနှင့်ခံတွင်း ဆရာဝန်​များအသင်း (မြင်းခြံ) မှ ကွင်းဆင်းကုသ​ရေးခရီးစဉ်​အဖြစ်​ ကုသ​ပေး​နေရာ သွားနဲ့ခံတွင်း လူနာ ၁၂၀၀၀ ​ကျော်​လောက် ကုသ​ပေးခဲ့ပြီး ဖြစ်​ပါတယ်​။

မြန်​မာနိုင်​ငံမှာ ခံတွင်းကင်​ဆာဖြစ်​ပွားမှု များ​သော​ကြောင့် လူ  ၁၀၀ မှာ ၁၁ ​ယောက်​ နှုန်း ​သေဆုံးမှု ဖြစ်​​နေပြီး၊ ကမ္ဘာမှာ မြန်​မာနိုင်​ငံဟာ ခံတွင်းကင်​ဆာ​ကြောင့်​ ​သေဆုံးမှုနှုန်း အဆင့်  ၄ မှာ ရပ်​တည်​​နေတယ်လို့ မြန်​မာနိုင်​ငံ သွားနှင့် ခံတွင်း ဆရာဝန်​များအသင်းက သိရပါတယ်။

သတင်း ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013