DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း ဖွင့်လှစ်
DVB
·
May 19, 2018
ကသာမြို့တွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ မေလ ၁၈ ရက်နေ့က အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲနဲ့ အခြေခံသင်တန်း အမှတ်စဉ်(၁) ကို ဖွင့်လှစ်ခဲ့ပါတယ်။

အမျိုးသမီးအိမ်တွင်း သက်မွေးမှု သင်တန်းကျောင်းကို ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၈၄၁.၈၅) သန်းကျပ် အကုန်ကျခံ ဆောက်လုပ်ခဲ့တာဖြစ်ပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးဖို့နဲ့ သင်ကြားတတ်မြောက်တဲ့ အသက်မွေးဝမ်းကြောင်းပညာနဲ့ ကိုယ်ပိုင် စီပွားရေးလုပ်ငန်း ထူထောင်နိုင်တဲ့အထိ ရည်ရွယ် ဖွင့်လှစ်ပေးတာဖြစ်ကြောင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် က ပြောပါတယ် ။

“အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသမီးတွေအနေနဲ့ ဒီသင်တန်းကို တက်ရောက်သင်ကြားနိုင်ပြီး သက်မွေးမှုပညာရပ်တွေ သင်ကြားပေးတဲ့အပြင် အိပ်စရာ၊ နေစရာနဲ့ စားနပ်ရိက္ခာတွေအတွက်ကိုပါ စီစဉ် ပေးသွားမှာဖြစ်ပြီး သင်တန်းသူ ၇၀ ကို သင်တန်းနည်း ပြဆရာမ ၇ ဦးတို့ က သင်တန်းကာလ ၃ လခွဲ သင်ကြားပေးမှာ ဖြစ်တယ်” လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေခိုင်ဝင်းမြင့် က ဆိုပါတယ်။

အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းကို ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ခန္တီး၊ လေရှီုး၊ လဟယ်၊ နန်းယွန်း၊ ကသာ မြို့အပါအဝင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ သင်တန်းကျောင်း ၈ ကျောင်း ကျောင်းဖွင့်လှစ်ပေးထားနိုင်ခဲ့ကြောင်း သိရပါတယ် ။

သီဟဆွေ-ကသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013