DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် မိုးစပါးစိုက်တောင်သူများအား ကျပ်သန်း ၁၂၀၀၀ ထုတ်ချေးမည်
DVB
·
May 19, 2018
ဝမ်းတွင်းတွင် မိုးစပါးစိုက်တောင်သူများအား ကျပ်သန်း ၁၂၀၀၀ ထုတ်ချေးမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးစိုက် တောင်သူတွေကို ကျပ်သန်း ၁၂၀၀၀ ထုတ်ချေးမယ်လို့ မေလ ၁၈ ရက်နေ့က မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် လယ်ယာဘဏ်မန်နေဂျာ ဦးဝင်းထိန်ဦးက “ဒီနေ့ပဲစပြီး တောင်သူတွေကို မိုးစပါးချေးငွေ ထုတ်ပေးနေပါပြီ။ အရင်နှစ်က ချေးငွေ ၈၅ ရာနှုန်း ပြန်ဆပ်ထားကြပါတယ်။ ဒီနှစ်က ငွေချေး စနစ်အသစ်နဲ့ ချေးနေတာပါ။ ချေးငွေမကျေ ဝိုင်းကူဆပ်စနစ် မဟုတ်တော့ပါဘူး။ လယ်ယာမြေပုံစံ ၇ ကို ဘဏ်မှာအပ်နှံပြီး တဦးချင်း ကတိနဲ့ ချေးတာပါ။ တမြို့နယ်လုံး ဧက ၇ သောင်းကျော် ယာသီးနှံဧက ၃ သောင်းလောက် ချေးမှာပါ။ ၂၀၁၈-၁၉ ခုနှစ် မိုးစပါးစိုက်ဖို့ချေးငွ ကျပ်သန်း ၁၂၀၀၀ ချေးသွားမယ်၊ လယ် ၁ ဧက ၁ သိန်းခွဲ၊ ယာ ၁ ဧက ငါးသောင်းနှုန်း ချေးမှာပါ” လို့ ပြောပါတယ်။

တောင်သူ ဦးညွန့်ခင်က “၁ ဧကကို စပါးစိုက်စရိတ် ၃ သိန်းကျော်လောက်ရှိတယ်။ လယ်ယာဘဏ်က ၁ သိန်းခွဲပဲ ချေးတယ်။ တဝက်ပဲချေးတာဆိုတော့ ပိုက်ဆံလိုနေသေးတာပေါ့။ တောင်သူတဦးကို ၁၀ ဧကစာပဲ ချေးတာပါ။ ဧကအများကြီးစိုက်တဲ့ တောင်သူတွေကတော့ ပိုက်ဆံလိုတာပေါ့။ ကောက်စိုက် ပျိုးနုတ် အလုပ်သမားခတွေကလည်း ဈေးတက်တော့ အခုထက်ပိုပြီး လယ်ယာဘဏ်က ချေးပေးစေချင်တယ်” လို့ ပြောပါတယ်။

၂၀၁၇-၁၈ ခုနှစ်က ကျပ်သန်း ၁၁၀၀၀ ကျော် ချေးပေးခဲ့ပြီး ယာသီးနှံအနေနဲ့ မြေပဲနဲ့ဝါက ဧက ၁ ထောင်ကျော်လောက်ပဲရှိကာ နှမ်းစိုက်ဧက အများဆုံးဖြစ်တယ်လို့ လယ်ယာဘဏ်က ပြောပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013