မင်းသားနေဆန်းရဲ့ “နယူးချစ်တီး”ထမင်းဆိုင်
DVB
·
May 18, 2018

ဝါရင့်ရုပ်ရှင်သရုပ်ဆောင် မင်းသား နေဆန်းဟာ “နယူးချစ်တီး”လို့ အမည်ပေးထားတဲ့ ချစ်တီးထမင်းနဲ့ ထမင်းဆီဆမ်းဆိုင်ကို ရန်ကုန်မှာ မကြာသေးခင်က ဖွင့်လှစ်ရောင်းချနေပါတယ်။
နယူးချစ်တီး ထမင်းဆိုင်ကို တောင်ဥက္ကလာပမြို့နယ်၊ ၁၀-ရပ်ကွက်၊ ပဒေသာလမ်းဆုံ အနီးက ပန်းခြံထောင့်မှာ ဖွင့်လှစ်ရောင်းချနေတာဖြစ်ပြီး သက်သတ်လွတ် အဝစား ကျပ် ၁၀၀၀နဲ့ အသားဟင်းတွေကတော့ ကျပ် ၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ အစားစား ကျသင့်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- Than Than Soe