DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ‘အနန္တ’အမည်ရ သိပ္ပံရုပ်ရှင်ကား (နမူနာကြည့်ရန်)
DVB
·
May 18, 2018
ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ‘အနန္တ’အမည်ရ သိပ္ပံရုပ်ရှင်ကား (နမူနာကြည့်ရန်)
Donate to DVB

 

 

အနုပညာ၊ ရုပ်ရှင်လောကမှာ အသစ်သစ်တွေကို စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေအတွက် ဒါရိုက်တာ ညိုမင်းလွင်က “အနန္တ-Ananda” လို့ အမည်ရှိတဲ့ အချိန် ၃ မိနစ်ခွဲကြာတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားတကားရဲ့ Trailer ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဒီနေ့မနက်က တင်ထားပေးခဲ့ပါတယ်။

“အနန္တ-Ananda” ရုပ်ရှင်ဇာတ်ကားကို ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ကာ၊ CGI အထူးပြုလုပ်ချက်တွေအတွက် အချိန်နှစ်နှစ်ယူပြီး ဖန်တီးခဲ့ရတယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျနော်တို့ မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတခုကို ပေါ်ပေါက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှမစဉ်းစားဘဲ ရိုက်ရက်ပေါင်း ဂျူတီ ခုနစ်ဆယ်အထိ ရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကို အချိန် ၂ နှစ်ကျော် ဖန်တီးခဲ့တဲ့ ဇာတ်ကားတခု ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ဟောလိဝုဒ်ဇာတ်ကားတွေထဲက CGI၊ VFX အထူးပြုလုပ်ချက်တွေနဲ့ ယဉ်ပါးနေတာကြာခဲ့ပြီး၊ အဲဒီဇာတ်ကားတွေနဲ့ “အနန္တ-Ananda” ရဲ့ CGI ၊ VFX အထူးပြုလုပ်ချက်တွေကိုတော့ မယှဉ်နိုင်တာ မထူးဆန်းဘူးလို့လည်း ပြောပါတယ်။

“ဟောလိဝုဒ်ဇာတ်ကားတွေရဲ့ CGI တွေ၊ VFX တွေဟာ လူပေါင်းများစွာကို ကျနော်တို့ လက်ထဲမှာ တခါမှ မကိုင်ဖူးတဲ့ ဒေါ်လာ သန်းပေါင်းများစွာပေးပြီး အဆင့်မြင့်ကွန်ပျူတာပေါင်းများစွာနဲ့ နာရီပေါင်းများစွာ ဖန်တီးလို့ ကျနော်တို့ ကြည့်ကြရတဲ့ ၂ နာရီစာ ရုပ်ရှင်တကား ဖြစ်လာတာပါ။ အချိန်၊ လူအင်အား၊ ဘတ်ဂျက်အင်အားက ဟောလိဝုဒ်ထက် နည်းပါးစွာနဲ့ လုပ်ခဲ့ရတဲ့ “အနန္တ-Ananda” ဟာ ဒီလောက်ကောင်းလိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့မိပါဘူး” လို့ ဆိုပါတယ်။

“အနန္တ-Ananda” သိပ္ပံရုပ်ရှင်ဇာတ်ကားဟာဆိုရင် မြန်မာ့ရုပ်ရှင်လောကရဲ့ ပြောင်းလဲမှုကို လိုအပ်နေတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာနိုင်မှာလား၊ ဘယ်လိုဝေဖန်မှုတွေ ရှိလာနိုင်မလဲဆိုတာကိုတော့ အားလုံးက ထပ်မံစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

“အနန္တ-Ananda” ရုပ်ရှင်ဇာတ်ကားထဲမျာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ စိုးရန်အောင်၊ နန်းဆုဦး၊ ဧကရီမှုးပိုင်၊ နန်းထိုက်အောင်နဲ့ သက်ထားဝေဇင် အပြင် တခြားသရုပ်ဆောင်တွေကလည်း အားဖြည့်ကူညီ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013