
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ် တန်ချိန် ၄ သောင်းကျော်နဲ့ နိုင်ငံခြားသား အပါအဝင် တရားခံ ၆၅၀၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဝန်ကြီးဌာနအလိုက် သတင်းစာရှင်းလင်းပွဲမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားခဲ့တာပါ။
သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့နဲ့ တရားဥပဒေစိုးမိုးစေဖို့ ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး တရားမဝင် စစ်ထုတ်လုပ် သယ်ဆောင်မှုတွေကို ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၂,၈၉၃.၄၃၁၆) တန်၊ နိုင်ငံခြားသား ၁၉ ဦး အပါအဝင် တရားခံ ၆,၅၉၁ ဦး၊ ယာဉ်/ ယန္တရား ၃၁၉၂ စီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo : Forest Department











