DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး တိုးတက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
DVB
·
May 18, 2018
မြန်မာ့စီးပွားရေး တိုးတက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တိုးတက်လာပြီး ငွေကြေးဖောင်းပွမှု နှုန်းကလည်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ရန်ကုန်မှာ ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ)ဟာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ခန့်မှန်းခြေ ၅ဒသမ၉ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၆ဒသမ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

ခုလို တိုးတက်လာရတာဟာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ကောင်းမွန်လာတာ၊  ထုတ်လုပ်မှုကဏ္ဍမှာ စွမ်းဆောင်မှုတိုးတက်လာတာနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အရမ်းတိုးတက်လာတာကြောင့်ဖြစ်ပြီး ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေကတော့ မရေရာမှုတွေကြောင့် အနည်းငယ်နှေးသွားခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာ့စီးပွားရေးဟာ လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာလည်း ၆ဒသမ၇ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင်  ငွေကြေးဖောင်းပွမှုနှုန်းကလည်း  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၇ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၅ဒသမ၅ ရာခိုင်နှုန်းကို လျော့ကျသွားပြီး  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ၄ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပါတယ်။

မြန်မာ့စီးပွားရေးဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အနည်းငယ် အရှိန်နှေးသွားခဲ့ပေမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်းပြည်ပက မရေမရာ မသေချာတဲ့ အခြေအနေတွေအကြားက အကောင်းဘက်မှာရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စိန်ခေါ်မှုအန္တရာယ်တွေကလည်း ရှိနေဆဲဖြစ်ပြီး ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် အနာဂတ်တိုင်းပြည်ရဲ့ စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

ဓာတ်ပုံ-ဆင်ဟွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013