DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကုန်မျိုးစုံစတိုးဆိုင်ဖွင့်ခွင့်လိုင်စင် ၄၆၀၀၀ ကျော် ထုတ်ပေးထား
DVB
·
May 18, 2018
ရန်ကုန်တွင် ကုန်မျိုးစုံစတိုးဆိုင်ဖွင့်ခွင့်လိုင်စင် ၄၆၀၀၀ ကျော် ထုတ်ပေးထား
Donate to DVB

ရန်ကုန်တိုင်းမှာ g&g , ABC, One Stop Mart စတဲ့ဆိုင်တွေကို  Convenience Store (ကုန်မျိုးစုံရောင်းချတဲ့ စတိုးဆိုင်) လုပ်ငန်း လိုင်စင်အမျိုးအစားနဲ့ ဖွင့်ခွင့်ပေးထားပြီး လုပ်ငန်းလိုင်စင် ၄၆၀၁၁ ခု ထုတ်ပေးထားတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ မေလ ၁၇ ရက်က လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာရဲ့ မေးခွန်းကို ဖြေရင်း မြို့တော်ဝန်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ဆိုင်ခန်းများနဲ့  ပတ်သက်ပြီး g&g , ABC, One Stop Mart စတဲ့ Convenience Store ဆိုင်များဟာ လုပ်ငန်းလိုင်စင်အမျိုးအစားဖြစ်ပြီး၊ စားသောက်ဆိုင်များဟာ အစားအသောက် လိုင်စင်အမျိုးအစားမှာ ပါဝင်ပါတယ်။ Convenicence Store ဆိုင်များထက် လုပ်ငန်းပမာဏ ကြီးမားတဲ့ Mini Market, Super Market, Shopping Mall များဟာ ကိုယ်ပိုင်ဈေး လိုင်စင် အမျိုးအစားမှာ ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်ခွင့်ပြုခဲ့မှု အခြေအနေက အစားအသောက်လိုင်စင် (၈၄၀၈) ခု၊ လုပ်ငန်းလိုင်စင် (၄၆၀၁၁) ခု ခွင့်ပြုခဲ့ပါတယ်။”

လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေကို လိုင်စင်လျှောက်ထားဖို့ အကြောင်းကြားစာပေးပို့ထားပြီး လိုက်နာခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ ပထမအကြိမ် တရားစွဲဆိုမယ် ထပ်မံကျူးလွန်ပါက ပုဒ်မ ၆၉ နဲ့ လုပ်ငန်း ပိတ်သိမ်းတဲ့အထိ ဒါမှမဟုတ် လိုင်စင် ခွင့်ပြုချက်ရရှိသည်အထိ တရားစွဲဆိုအရေးယူတယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ကိုယ်ပိုင်ဈေးလိုင်စင်နဲ့ ဖွင့်ခွင့်ပြုထားတဲ့ Mini Market, Super Market, Shopping Mall   ၈၆ ခု ခွင့်ပြုထားတယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ရန်ကုန်မှာ လိုင်စင်လျှောက်ထားသူတွေဟာ လိုင်စင်လျှောက်ရမယ့် ပုံစံတွေနဲ့ လျှောက်ထားစေပြီး ပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိရင် လိုင်စင်လျှောက်ထားမှုကို မြို့တော်စည်ပင်က အမြန်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013