DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 17, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၆,၉၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၅,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ် တအိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ၃၉,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ စွန်တာပဲက တတင်းကို ၂၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၈၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၄,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀  ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၆၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၇၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန် အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၀၀ ကျပ်ကနေ ၅၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၅၀ ကျပ်ကနေ ၆၂၅ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီတို့က ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်က အိန္ဒိယနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံနီကို ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းမှာ ဈေးအဆမတန် မြင့်တက်သွားခဲ့ပေမယ့် ဒီတပတ်မှာတော့ ဈေးက ပြန်လည်ငြိမ်ပြီး ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း တတန်ကို ၁၀,၀၀၀ နီးပါး ဈေးပြန်ကျဆင်းသွားပါတယ်။

အိန္ဒိယနိုင်ငံက မတ်ပဲကို တန်ချိန် ၁၅၀,၀၀၀ နဲ့ ပဲစင်းငုံနီ တန်ချိန် ၂၀၀,၀၀၀ ပြန်လည်ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013