
အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အလန်းစားပုံရိပ်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ ဒီတခါမှာလည်း ပုံစံတမျိုး နဲ့ ထပ်မံဖမ်းစားလိုက်ပြန်ပါတယ်။
ဒီပုံတွေကိုတော့ ဒီကနေ့မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာ ပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာ ကြိုက်နှစ်သက်တဲ့ ပရိသတ်သောင်းချီ ရှိနေခဲ့ပါတယ်။
ဒီပုံတွေကိုတော့ ကော့သောင်းကမ်းခြေတခုမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး နက်ပြာ ရောင်ဘီကီနီဝတ်စုံဝတ်ဆင်ထားခဲ့ပြီး ပုလဲပုတီး၊ လက်ကောက်နဲ့ လည်ဆွဲတွေ ၀တ်ဆင် ထားခဲ့တာကို တွေ့ရပါတယ်။
ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ “‘Pearl’ Commercial tvc shooting ✨ 🎥 ✨ @ Kawthaung”လို့ ရေးထားခဲ့တာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ဟာ ခုနောက်ပိုင်းမှာ ရုပ်သံကြော်ငြာတွေ၊ ရုပ်ရှင်ကားတွေမှာ ခပ်စိပ်စိပ် ပါဝင်သရုပ်ဆောင်နေရပြီး သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ Followers ပရိသတ် ၆ သိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။










